Friday, January 29, 2010

မြန်မာနိုင်ငံမှ ဗုဒ္ဓဂယာဘုရားဖူးယာဉ် တိမ်းမှောက်မှု ဖြစ်ပွား

မြန်မာနိုင်ငံမှဗုဒ္ဓဂယာဘုရားဖူးဝန်ဆောင်မှုကုမ္ပဏီတစ်ခု၏စီစဉ်ပေးမှုဖြင့်သွားရောက်သောဗုဒ္ဓဂယာဘုရားဖူးအဖွဲ့ပါကားတစ်စင်းတိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်းစုံစမ်းသိရှိရပါသည်။အဆိုပါဘုရားဖူးအဖွဲ့သည် ဇန်န၀ါရီလ၂၃ရက်နေ့ကဗုဒ္ဓဂယာဘုရားဖူးခရီးစဉ်အတွင်းတိမ်းမှောက်ဖြစ်ပွားခဲ့ရာခရီးသည်တစ်ဦးသေဆုံးပြီးဒဏ်ရာရသူအချို့ရှိခဲ့ကြောင်းစုံစမ်းသိရှိရသည်။ဖြစ်ပွားခဲ့သည့်ဖြစ်စဉ်နှင့်ပတ်သက်၍အဆိုပါဘုရားဖူးအဖွဲ့အားပို့ဆောင်ပေးသည့်သက်ဆိုင်ရာဘုရားဖူးအေဂျင်စီမှတာဝန်ရှိသူကိုဆက်သွယ်မေးမြန်းခဲ့ရာထိုခရီးစဉ်မှပြန်လည်ရောက်ရှိလာခြင်းမရှိသည့်အတွက်ဖြေကြားနိုင်ခွင့်မရှိသေးကြောင်းလည်းပြောပြသွားခဲ့သည်။ ယင်းကဲ့သို့ဖြစ်စဉ်နှင့်ပတ်သက်၍အခြားဘုရားဖူးအေဂျင်စီများကိုဆက်သွယ်မေးမြန်းခဲ့ရာတွင်အဆိုပါဘုရားဖူးကားသည်ညဘက်တွင်စတင်၍သိင်္ကဿဂူသို့ထွက်လာခဲ့ကြောင်းနံနက်၈နာရီခန့်တွင်တိမ်းမှောက်ခဲ့ကြောင်း၊ယာဉ်ပေါ်တွင်ပါရှိသူခရီးသည် ၁၈ဦး မှ တစ်ဦးသေဆုံးခဲ့ပြီး ကျန်ခရီးသည် အချို့မှာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

source from : news-eleven.com

No comments:

Post a Comment