Sunday, February 7, 2010

မျိုးဆက်သစ် လူငယ် ဒိုင်လူကြီး သင်တန်း ဖွင့်မည်

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က မြန်မာ့ဘောလုံးဖွံ့ဖြိုးတိုးတက်စေရေးကိုအထောက်

အကူပြုစေမည့် နိုင်ငံတကာအဆင့်မီ မျိုးဆက်သစ်ဒိုင်လူကြီးကောင်းများပေါ်ထွက်လာစေ

ရေးကိုရည်ရွယ်၍ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရုံးတွင်ဖေဖော်ဝါရီ ၂၀ရက်မှ ၂၇ရက်အထိ

မျိုးဆက်သစ်လူငယ် ဒိုင်လူကြီးသင်တန်းဖွင့်လှစ်မည်ဖြစ်သည်။ အဆိုပါ မျိုးဆက်သစ် လူ

ငယ်ဒိုင်လူကြီးသင်တန်းသို့တက်ရောက်လိုသူများအနေဖြင့်အသက် ၁၈နှစ်မှ၂၅နှစ်အတွင်း

ရှိရမည်ဖြစ်ပြီးကျန်းမာကြံ့ခိုင်၍ ပါဝါမျက်မှန်မတပ်သူဖြစ်ရမည်။ အနည်းဆုံးတက္ကသိုလ်ဝင်

တန်းအောင်ပြီးသူဖြစ်ပြီး အင်္ဂလိပ်စာ(အရေး၊အဖတ်)အခြေခံ ကျွမ်းကျင်ရန် လိုအပ်သော်

လည်း မြို့နယ်အဆင့်လက်ရွေးစင်ဘောလုံးသမားဖြစ်ပါက ပညာအရည်အချင်းကန့်သတ်

ချက်ကိုလျှော့ပေါ့စဉ်းစားမည်ဖြစ်သည်။သင်တန်းတက်ရောက်လိုသူများသည် မြန်မာနိုင်ငံ

ဘောလုံးအဖွဲ့ချုပ်ဒိုင်လူကြီးဌာနဖုန်း -၅၇၂၇၉၄သို့ ဖေဖော်ဝါရီ ၁၃ ရက်နောက်ဆုံးထား၍

ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းလျှောက်ထားနိုင်ကြောင်း ၂၀၁၀ခုနှစ် ဖေဖော်ဝါရီ ၆ ရက်

နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင်ဖော်ပြ ထားပါသည်။

No comments:

Post a Comment