လွန်ခဲ့သောကြာသပတေးနေ့ကအင်တာနက်လူမှုရေးဝက်ဘ်ဆိုက် Facebook ၏ (၆)နှစ်မြောက် မွေးနေ့ဖြစ်သည်။၎င်းတွင်အသင်းဝင်ပေါင်းသန်း(၄)ရာရှိသဖြင့် ဝက်ဘ် ဆိုက်သမိုင်းကို မှတ်တမ်းတင်နိုင်ခဲ့သည်။ အဖွဲ့ဝင်များသည် ကမ္ဘာပေါ်တွင်ဖြစ်ပျက်နေ သော သတင်းအချက်အလက် အသေး၊ အကြီးအစုံကိုကြည့်ရှုနိုင်သည့်အပြင်ခင်မင်သူ အပေါင်းနှင့်လည်း အမြဲမပျက်အဆက်အသွယ် ရှိနေခဲ့သည်။ ကြာသပတေးနေ့ကမွေး နေ့အထိမ်းအမှတ်အဖြစ် HomePage အသစ်တစ်ခုကို ထပ်မံဖွင့်လှစ်ပေးခဲ့သည်။၎င်း တွင် တော့စ်မီနူးပါရှိ၍ သတင်းအချက်အလက်နှင့် ကြေညာချက်များကိုပိုမိုလွယ်ကူစွာ ရှာဖွေနိုင်မည်ဖြစ်သည်။ ၄င်းအပြင် မိတ်ဆွေ၊ သူငယ်ချင်းများ မိမိတို့ကိုယ်တိုင်အစီအ စဉ်အသစ်များကို ခံစားနားဆင်နိုင်မည်ဖြစ်သည်။ ထို့အပြင်ဂိမ်း အစီအစဉ်တစ်ခုကိုပါ ထပ်မံ ထည့်သွင်းပေးခဲ့သည်။ လူတို့သည် ဝမ်းသာလျှင်လည်းကောင်း၊ ဝမ်းနည်းလျှင် လည်းကောင်း၊ အခြားသူများနှင့် မျှဝေခံစားလိုကြသည်။ ယင်းလိုအပ်ချက်ကို Face- book ကကောင်းစွာဖြည့်စည်းပေးမည်ဖြစ်သည်။ (အေအက်ဖ်ပီ)
source from http://mtalk.net.mm
Subscribe to:
Post Comments (Atom)
No comments:
Post a Comment