Friday, April 9, 2010

ရွှေထည် စုဆောင်း သူအများစု

တိုးတက် လာသော နည်းပညာ များကို အသုံးပြု၍ ရွှေထည် ပစ္စည်း များကို လက်မှု ပညာမှ စက်မှု ပညာ သို့ ပြောင်းလဲကာ လှပသော ဒီဇိုင်း ဆန်းများ နှင့် ထုတ်လုပ် ရောင်းဝယ် လာကြ သော်လည်း မှာမူ ရှေးလက်ရာများ ကို ပိုမို နှစ်သက် ၀ယ်ယူ စုဆောင်း ကြကြောင်း ရွှေဘုံသာလမ်း ရှိ နာမည်ကြီး ရွှေဆိုင် ကြီးတစ်ခုက ပြောကြားသည်။

“ရွှေထည် လက်ရာတွေ အများကြီး ဆန်းသစ် လာပါတယ်။ ၀တ်ဖို့ အတွက် ၀ယ်တဲ့ သူတွေကတော့ လက်ရာ ဆန်း၊ နောက်ဆုံးပေါ် ဒီဇိုင်းတွေကို ကြိုက်ကြ တယ်။ အခုချိန်မှာ ဒီဇိုင်း တွေက နေ့ စဉ် အချိန်နဲ့ အမျှ သစ်နေ ပေါ်နေတာ ဆိုတော့ ၀ယ်တဲ့ သူတွေ တစ်မျိုးပြီး တစ်မျိုး ပြောင်း ၀တ်ချင် ကြတာပေါ့။ ဒါပေမဲ့ ရွှေက ဈေးနည်းတဲ့ ပစ္စည်း မဟုတ်လို့ သိပ်များများ ၀ယ်မထား နိုင် ကြဘူး။ စုတဲ့ သူတွေ ကတော့ အရင် ရှေးလက်ရာ တွေကို ကြိုက်တယ်” ဟု ဆိုင်ပိုင်ရှင်က ရှင်းပြသည်။

စုဆောင်းရန် ၀ယ်ယူသည့်အတွက် အလေးချိန် များသော ရွှေထည်ကြီး များကို ၀ယ်လေ့ ရှိကြသည့် နည်းတူ လက်ကောက်၊ လက်စွပ်များကို ပန်း၊ ကနုတ် များဖြင့် ပုံဖော် ထားသည့် ရှေး လက်ရာများကို နှစ်သက်စွာ ၀ယ်လေ့ ရှိကြသည်။

“ရွှေကို ထုထည်ကြီးကြီး တစ်ခါ တည်းဝယ်တော့ အလျော့တွက် ကို အများကြီး မပေးရ တော့ဘူးပေါ့။ အ သေးတွေ နဲ့ စက်ဖြတ်တွေ ၀ယ်ရင် အ လျော့တွက် များတယ်” ဟု ရွှေပန်းတိမ် လုပ်ငန်းရှင် ဦးဝင်းမောင်က ပြောပြ သည်။ လက်ရှိဈေးနှုန်းများမှာ ကျပ် ၅,၅၀,၀၀၀နှင့် ၆,၀၀,၀၀၀ ၀န်းကျင် တွင် အတက်အကျ ပြောင်းလဲလျက် ရှိပြီး သင်္ကြန်ပြီးချိန် အထိ ထူးခြားစွာ ပြောင်းလဲမှု ရှိမည် မဟုတ်ကြောင်း နှင့် အရောင်း အ၀ယ် မှာလည်း ထိုနည်း တူစွာ အေးနေ ဦးမည်သာ ဖြစ်ကြောင်း သိရသည် ဟုဆိုသည်။ ဧပြီ ပထမပတ် ရွှေဈေး အဖွင့် ဧပြီ ၁ ရက်တွင် အ ခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၅,၉၆,၅၀၀ ရှိပြီး ၃ ရက် နေ့တွင်လည်း ကျပ် ၅,၉၆,၅၀၀ နှင့် ရောင်းဝယ်လျက် ရှိကြောင်း သိရသည်။
source from

ရွှေ စုဆောင်း သူများ ရှေးလက်ရာကို ပိုမို နှစ်သက် ၀ယ်ယ

တိုးတက် လာသော နည်းပညာ များကို အသုံးပြု၍ ရွှေထည် ပစ္စည်း များကို လက်မှု ပညာမှ စက်မှု ပညာ သို့ ပြောင်းလဲကာ လှပသော ဒီဇိုင်း ဆန်းများ နှင့် ထုတ်လုပ် ရောင်းဝယ် လာကြ သော်လည်း ရွှေထည် စုဆောင်း သူအများစု မှာမူ ရှေးလက်ရာများ ကို ပိုမို နှစ်သက် ၀ယ်ယူ စုဆောင်း ကြကြောင်း ရွှေဘုံသာလမ်း ရှိ နာမည်ကြီး ရွှေဆိုင် ကြီးတစ်ခုက ပြောကြားသည်။

“ရွှေထည် လက်ရာတွေ အများကြီး ဆန်းသစ် လာပါတယ်။ ၀တ်ဖို့ အတွက် ၀ယ်တဲ့ သူတွေကတော့ လက်ရာ ဆန်း၊ နောက်ဆုံးပေါ် ဒီဇိုင်းတွေကို ကြိုက်ကြ တယ်။ အခုချိန်မှာ ဒီဇိုင်း တွေက နေ့ စဉ် အချိန်နဲ့ အမျှ သစ်နေ ပေါ်နေတာ ဆိုတော့ ၀ယ်တဲ့ သူတွေ တစ်မျိုးပြီး တစ်မျိုး ပြောင်း ၀တ်ချင် ကြတာပေါ့။ ဒါပေမဲ့ ရွှေက ဈေးနည်းတဲ့ ပစ္စည်း မဟုတ်လို့ သိပ်များများ ၀ယ်မထား နိုင် ကြဘူး။ စုတဲ့ သူတွေ ကတော့ အရင် ရှေးလက်ရာ တွေကို ကြိုက်တယ်” ဟု ဆိုင်ပိုင်ရှင်က ရှင်းပြသည်။

စုဆောင်းရန် ၀ယ်ယူသည့်အတွက် အလေးချိန် များသော ရွှေထည်ကြီး များကို ၀ယ်လေ့ ရှိကြသည့် နည်းတူ လက်ကောက်၊ လက်စွပ်များကို ပန်း၊ ကနုတ် များဖြင့် ပုံဖော် ထားသည့် ရှေး လက်ရာများကို နှစ်သက်စွာ ၀ယ်လေ့ ရှိကြသည်။

“ရွှေကို ထုထည်ကြီးကြီး တစ်ခါ တည်းဝယ်တော့ အလျော့တွက် ကို အများကြီး မပေးရ တော့ဘူးပေါ့။ အ သေးတွေ နဲ့ စက်ဖြတ်တွေ ၀ယ်ရင် အ လျော့တွက် များတယ်” ဟု ရွှေပန်းတိမ် လုပ်ငန်းရှင် ဦးဝင်းမောင်က ပြောပြ သည်။ လက်ရှိဈေးနှုန်းများမှာ ကျပ် ၅,၅၀,၀၀၀နှင့် ၆,၀၀,၀၀၀ ၀န်းကျင် တွင် အတက်အကျ ပြောင်းလဲလျက် ရှိပြီး သင်္ကြန်ပြီးချိန် အထိ ထူးခြားစွာ ပြောင်းလဲမှု ရှိမည် မဟုတ်ကြောင်း နှင့် အရောင်း အ၀ယ် မှာလည်း ထိုနည်း တူစွာ အေးနေ ဦးမည်သာ ဖြစ်ကြောင်း သိရသည် ဟုဆိုသည်။ ဧပြီ ပထမပတ် ရွှေဈေး အဖွင့် ဧပြီ ၁ ရက်တွင် အ ခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၅,၉၆,၅၀၀ ရှိပြီး ၃ ရက် နေ့တွင်လည်း ကျပ် ၅,၉၆,၅၀၀ နှင့် ရောင်းဝယ်လျက် ရှိကြောင်း သိရသည်။
source from

Sunday, February 7, 2010

Facebook (၆)နှစ်မြောက် မွေးနေ့တွင် HomePage အသစ်တင်

လွန်ခဲ့သောကြာသပတေးနေ့ကအင်တာနက်လူမှုရေးဝက်ဘ်ဆိုက် Facebook ၏ (၆)နှစ်မြောက် မွေးနေ့ဖြစ်သည်။၎င်းတွင်အသင်းဝင်ပေါင်းသန်း(၄)ရာရှိသဖြင့် ဝက်ဘ် ဆိုက်သမိုင်းကို မှတ်တမ်းတင်နိုင်ခဲ့သည်။ အဖွဲ့ဝင်များသည် ကမ္ဘာပေါ်တွင်ဖြစ်ပျက်နေ သော သတင်းအချက်အလက် အသေး၊ အကြီးအစုံကိုကြည့်ရှုနိုင်သည့်အပြင်ခင်မင်သူ အပေါင်းနှင့်လည်း အမြဲမပျက်အဆက်အသွယ် ရှိနေခဲ့သည်။ ကြာသပတေးနေ့ကမွေး နေ့အထိမ်းအမှတ်အဖြစ် HomePage အသစ်တစ်ခုကို ထပ်မံဖွင့်လှစ်ပေးခဲ့သည်။၎င်း တွင် တော့စ်မီနူးပါရှိ၍ သတင်းအချက်အလက်နှင့် ကြေညာချက်များကိုပိုမိုလွယ်ကူစွာ ရှာဖွေနိုင်မည်ဖြစ်သည်။ ၄င်းအပြင် မိတ်ဆွေ၊ သူငယ်ချင်းများ မိမိတို့ကိုယ်တိုင်အစီအ စဉ်အသစ်များကို ခံစားနားဆင်နိုင်မည်ဖြစ်သည်။ ထို့အပြင်ဂိမ်း အစီအစဉ်တစ်ခုကိုပါ ထပ်မံ ထည့်သွင်းပေးခဲ့သည်။ လူတို့သည် ဝမ်းသာလျှင်လည်းကောင်း၊ ဝမ်းနည်းလျှင် လည်းကောင်း၊ အခြားသူများနှင့် မျှဝေခံစားလိုကြသည်။ ယင်းလိုအပ်ချက်ကို Face- book ကကောင်းစွာဖြည့်စည်းပေးမည်ဖြစ်သည်။ (အေအက်ဖ်ပီ)
source from http://mtalk.net.mm

သင်္ဘောသားဖြစ်လိုသူတွေအတွက်

သင်္ဘောသားဖြစ်လိုသူတွေအတွက် မြန်မာနိုင်ငံ ပင်လယ်ကူး သင်္ဘောသားအလုပ်

အကိုင်အခွင့်အလမ်း ရရှိရေးကြီးကြပ်မှုကော်မတီအသစ်တစ်ရပ် မကြာမီကဖွဲ့စည်းလိုက်

ပြီး စနစ်အသစ်နဲ့ ဆောင်ရွက်မယ်လို့ သိရပါတယ်။ စနစ်သစ်အရ သင်္ဘောသားအလုပ်

တာဝန်ထမ်းဆောင်ဖို့ အဓိကကျတဲ့သင်္ဘောသား လုပ်သက်မှတ်တမ်း စာအုပ် (စီဒီစီ)နဲ့

သင်္ဘောသား မြန်မာနိုင်ငံကူး လက်မှတ်(သင်္ဘောသားပတ်စ်ပို့)တို့ကို နိုင်ငံခြားသင်္ဘော

သား ကုမ္ပဏီရဲ့ အလုပ်ခန့်စာ (အပွိုင့်မန့်)မလိုဘဲရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦး

စီးဌာနကကြိုတင်ထုတ်ပေးမှာဖြစ်ပါတယ်။သင်္ဘောကုန်းပတ်(deck)နဲ့စက်ခန်း(engine)

မှာ တာဝန်ထမ်းဆောင်လိုသူ(အခြေခံပညာအထက်တန်းအောင်မြင်ပြီး အသက် ၁၈နှစ်

ပြည့်သူ) တွေနဲ့ စားရိပ်သာ (saloon)မှာ တာဝန်ထမ်းဆောင်လိုသူ (အခြေခံပညာ အ

ထက်တန်း အောင်မြင်ပြီး အသက် ၁၈နှစ်ပြည့်သူ)တွေ အခြေခံ အင်္ဂလိပ်စာ ကျွမ်းကျင်

မှု (Basic English Skill Test-BEST)ကို မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်းကောလိပ်မှာ

စာမေးပွဲဖြေဆိုတဲ့ ပုံစံစတင်စစ်ဆေးခံရမှာဖြစ်ပါတယ်။စာမေးပွဲအောင်ခဲ့ရင်အပြည်ပြည်

ဆိုင်ရာ ရေကြောင်းအဖွဲ့ချုပ်(အိုင်အမ်အို)ရဲ့ ပြဋ္ဌာန်းချက်နဲ့အညီ Basic Safety Traini-

ng Course (4-Tickets)နဲ့ Presea Training Course(Pre-Sea)သင်တန်းဆက်လက်

တက်ရောက်အောင်မြင်ပြီး ဌာနမှာ စီဒီစီနဲ့ သင်္ဘောသားပတ်စ်စပို့လျှောက်ထားခွင့်ရမှာ

ဖြစ်တယ်။ သင်္ဘောသား ဖြစ်ချင်သူ (မည်သူမဆို) ဘီအီးအက်စ်တီ (BEST)စာမေးပွဲနဲ့

သင်တန်းတက်ဖို့သတ်မှတ်အရည်အချင်းတွေနဲ့ကိုက်ညီရမှာဖြစ်တယ်။မြန်မာနိုင်ငံသား

အသက် ၁၈နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးလက်မှတ်ရထားသူဖြစ်ရမယ်။သင်္ဘောကုန်း

ပတ်နဲ့ စက်ခန်း တာဝန်ထမ်းဆောင်လိုသူတွေ မျက်စိ စစ်ဆေးတာအောင်ရမှာ ဖြစ်ပြီး

သင်္ဘောကုန်းပတ်လုပ်ကိုင်လိုသူဟာလည်း မျက်မှန်တပ်သူမဖြစ်ရပါ။ အရပ်ငါးပေ နှစ်

လက်မနဲ့အထက်၊ ကိုယ်အလေးချိန်ပေါင် ၁၁၀နဲ့အထက်ရှိရမှဖြစ်ပြီး ကိုယ်လက် အင်္ဂါ

ချို့ယွင်းသူ မဖြစ်ရဘူးလို့သိရပါတယ်။ မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်မှာ

ဘီအီးအက်စ်တီစာမေးပွဲဖြေဆိုခွင့်လျှောက်လွှာကိုဖေဖော်ဝါရီလ ၈ရက်နေ့မှာစရောင်း

မှာပါ။ နိုင်ငံသားစိစစ်ရေးမှတ်ပုံတင်နဲ့ ၀ယ်ယူရမှာဖြစ်ပြီးဝယ်ယူသူကိုယ်တိုင်လျှောက်

လွြှာ ပန်တင်ရမယ်လို့ ဆိုပါတယ်။ လျှောက်လွှာတင်တဲ့ လူဦးရေပေါ် မူတည်ပြီး တစ်

ကြိမ်စစ်ရင် လူဦးရေ ၃၀ နဲ့ တစ်နေ့ကို သုံးကြိမ်ကနေ ငါးကြိမ်အတွင်း စစ်ဆေးမှာပါ။

မေးခွန်းပုံစံက အမှားနဲ့အမှန်ရွေးတာ၊ ကြိုက်ရာမေးခွန်းရွေးဖြေတာမျိုးနဲ့ မှန်ရာစာလုံး

တွဲဖြေပေးရမယ့်ပုံစံမျိုးဖြစ်တယ်လို့ဆိုပါတယ်။ မေးခွန်းပေါင်း ၅၀မေးထားပြီး တစ်ပုဒ်

မှန်ရင် နှစ်မှတ်ရမှာဖြစ်ပြီး အမှတ် ၁၀၀ဖိုးမေးထားပါတယ်။အမှတ်ပေါင်း ၄၀ရအောင်

ဖြေနိုင်ရင် စာမေးပွဲအောင်မှာဖြစ်ပြီး ကွန်ပျူတာပေါ်မှာပဲ အမေး၊အဖြေတွေကို ခလုပ်

နှိပ်ဖြေဆိုရမှာပါ။ ကွန်ပျူတာမတတ်သူတွေ အတွက် အလွယ်တကူဖြေနိုင်အောင် စီ

စဉ်ပေးထားပြီးအောင်စာရင်းချက်ချင်းသိရပါမယ်။ ဖေဖေါ်ဝါရီလ ၈ရက်နေ့ကနေမတ်

လ ၃၁ရက်နေ့အတွင်း လျှောက်လွှာ ၀ယ်ယူသူတွေကို ပထမဆုံး အုပ်စုအဖြစ် သတ်

မှတ်ပြီး စာမေးပွဲစစ်မယ်၊ အောင်တဲ့သူတွေကို 4-Tickets နဲ့ Pre-Sea သင်တန်းတစ်

လခွဲ တက်ရမှာဖြစ်ပါတယ်။ မတ်လ ၃၁ရက်နေ့နောက်ပိုင်း ၀ယ်ယူသူတွေကဒုတိယ

အုပ်စုအနေနဲ့ ပထမလက်ခံထားတဲ့အသုတ်ပြီးမှ သင်တန်းတက်ခွင့်ရမယ်။ သည်ပုံစံ

အတိုင်းနောက်ပိုင်းဝယ်ယူသူတွေအတွက်ဆက်စီမံသွားမှာဖြစ်ပါတယ်။ဘီအီးအက်စ်

တီစာမေးပွဲ ကျတဲ့သူတွေ နောက်အသုတ်မှာ ထပ်မံဝင်ရောက် ဖြေဆိုခွင့်ရှိပါတယ်။

လျှောက်လွှာဝယ်ယူသူမဟုတ်ဘဲတခြားလူအစားထိုးဝင်ဖြေတာမျိုးခွင့်ပြုမည်မဟုတ်

ကြောင်း ၂၀၁၀ခုနှစ် ဖေဖော်ဝါရီလ ၅ရက်နေ့ထုတ်မော်ဒန်သတင်းဂျာနယ်တွင်ဖော်

ပြထားပါသည်။

မျိုးဆက်သစ် လူငယ် ဒိုင်လူကြီး သင်တန်း ဖွင့်မည်

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က မြန်မာ့ဘောလုံးဖွံ့ဖြိုးတိုးတက်စေရေးကိုအထောက်

အကူပြုစေမည့် နိုင်ငံတကာအဆင့်မီ မျိုးဆက်သစ်ဒိုင်လူကြီးကောင်းများပေါ်ထွက်လာစေ

ရေးကိုရည်ရွယ်၍ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရုံးတွင်ဖေဖော်ဝါရီ ၂၀ရက်မှ ၂၇ရက်အထိ

မျိုးဆက်သစ်လူငယ် ဒိုင်လူကြီးသင်တန်းဖွင့်လှစ်မည်ဖြစ်သည်။ အဆိုပါ မျိုးဆက်သစ် လူ

ငယ်ဒိုင်လူကြီးသင်တန်းသို့တက်ရောက်လိုသူများအနေဖြင့်အသက် ၁၈နှစ်မှ၂၅နှစ်အတွင်း

ရှိရမည်ဖြစ်ပြီးကျန်းမာကြံ့ခိုင်၍ ပါဝါမျက်မှန်မတပ်သူဖြစ်ရမည်။ အနည်းဆုံးတက္ကသိုလ်ဝင်

တန်းအောင်ပြီးသူဖြစ်ပြီး အင်္ဂလိပ်စာ(အရေး၊အဖတ်)အခြေခံ ကျွမ်းကျင်ရန် လိုအပ်သော်

လည်း မြို့နယ်အဆင့်လက်ရွေးစင်ဘောလုံးသမားဖြစ်ပါက ပညာအရည်အချင်းကန့်သတ်

ချက်ကိုလျှော့ပေါ့စဉ်းစားမည်ဖြစ်သည်။သင်တန်းတက်ရောက်လိုသူများသည် မြန်မာနိုင်ငံ

ဘောလုံးအဖွဲ့ချုပ်ဒိုင်လူကြီးဌာနဖုန်း -၅၇၂၇၉၄သို့ ဖေဖော်ဝါရီ ၁၃ ရက်နောက်ဆုံးထား၍

ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းလျှောက်ထားနိုင်ကြောင်း ၂၀၁၀ခုနှစ် ဖေဖော်ဝါရီ ၆ ရက်

နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင်ဖော်ပြ ထားပါသည်။

၂၀၀၈ ခုနှစ်အတွက် အကယ်ဒမီ ဆုရ စာရင်း ပေါ်ထွက်လာ

၂၀၀၈ ခုနှစ်
********
၁. အကောင်းဆုံးဇာတ်ကားဆု - အများနှင့်မသက်ဆိုင်သောသူ
ထုတ်လုပ်ရေး - မျက်ခြယ်

၂. အကောင်းဆုံး ဒါရိုက်တာဆု - ညီညီထွန်းလွင်
ဇာတ်ကား - အများနှင့်မသက်ဆိုင်သောသူ
ထုတ်လုပ်ရေး - မျက်ခြယ်

၃. အကောင်းဆုံးဓာတ်ပုံဆု- သန်းညွှန့် (ပန်းသာ)
ဇာတ်ကား - ကြိုးတန်း
ထုတ်လုပ်ရေး - နယ်သစ်ဦး

၎. အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆု - ခန့်စည်သူ
ဇာတ်ကား - အများနှင့်မသက်ဆိုင်သောသူ
ထုတ်လုပ်ရေး - မျက်ခြယ်

၅. အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆု - မို့မို့မြင့်အောင်
ဇာတ်ကား - မြင့်မိုရ်ထက်က သရဖူ
ထုတ်လုပ်ရေး - ဖီးနစ်ရုပ်ရှင်ထုတ်လုပ်ရေး

၆. အကောင်းဆုံးအမျိုးသား ဇာတ်ပို့ဆု - ရဲအောင်
ဇာတ်ကား - အကယ်ဒမီရှော့ခ်
ထုတ်လုပ်ရေး - Country Star

၇. အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆု - ခင်မို့မို့အေး
ဇာတ်ကား - အများနဲ့မသက်ဆိုင်သောသူ
ထုတ်လုပ်ရေး- မျက်ခြယ်
source from http://academy.myanmarcgiaward.com/

Monday, February 1, 2010

အိမ်မက်လမင်း: ပို့စ်ခေါက်တာ ဒုတိယအဆင့်မရလို့ပါ templete ကလက်မခံပါ အဲဒါဘယ်လိုထည့်ရမလဲ ပြောပြပေးပါ

Image Hosting by imagefra.me

အရင်က expandsable read more တွေအတွက် အချို့သော Template များမှာ အခက်အခဲ တော်တော်ရှိပါတယ်။ ကျနော်ရေးထားတဲ့ စံနဲ့လိုက်လုပ်ရင်တောင် အဆင်မပြေတဲ့ template တွေ အများကြီးတွေ့လာရပါတယ်။ အဲဒါတွေ ပြီးနောက်မှာတော့ blogger ရဲ့ ပြင်ဆင်ချက်အရ New Features တွေ တွေ့ရလို့ စမ်းကြည့်မိပါတယ်။ expandsable မဖြစ်ပေမယ့်၊ လွယ်ကူမှု အပြင်၊ peek.js ကို hosting လုပ်စရာလည်း မလိုတော့တဲ့အတွက် အားသာချက် ပိုရှိသွားပါတယ်။ သူ့ရဲ့ read more က jump to full post အတွက် ဖြစ်ပါလိမ့်မယ်။ နှိပ်လိုက်ရင် ဖုံးကွယ်ထားတဲ့ စာသားများ ထွက်ကျ လာတာမျိုးမဟုတ်ပဲ၊ ပို့တစ်ခုလုံး ပေါ်လာပြီး ဖက်လက်စ နေရာကို ရောက်သွားမှာဖြစ်ပါတယ်။ ကဲ စမ်းကြည့်ကြတာပေါ့ … ဘယ်ဟာ ပိုမိုက်လဲလို့ …

draft.blogger.com ကို သွားပြီး sign in ၀င်လိုက်ပါ။ (blogger.com မှာ နစ်ဝင်ပြီးသား ဆိုရင်တော့ sign in ၀င်ပြီးသား ဖြစ်နေပါလိမ့်မယ်)
မိမိ လုပ်ချင်တဲ့ ဘလော့ရဲ့ Settings ကို နှိပ်ပါ။ Basic ဆိုတဲ့ tab ထဲက Select post editor နေရာမှာ Updated editor ကို ရွေးပေးလိုက်ပါ။ (Updated editor ရဲ့ Feature ကို ဒီမှာ ကြည့်နိုင်ပါတယ်)
Image Hosting by imagefra.me

ပြီးရင် blogger ရဲ့ New Post ကို ပြန်နှိပ်ကြည့်ပါ။ post ရေးတဲ့ နေရာက standard toolbar ပြောင်းသွားပါလိမ့်မယ်။ မိမိ ရေးချင်တာများ ရေးသားပြီးလို့ စာခေါက်မယ့်နေရာကို Compose tab ရဲ့ Insert Jump break ဆိုတဲ့ ခလုပ်လေးကို နှိပ်ပေးလိုက်ပါ။
Image Hosting by imagefra.me

စာခေါက်မယ့် နေရာ အတွက် ထည့်ပေးပြီး၊ Edit HTML ကို ပြန်နှိပ်ကြည့်လိုက်ပါ။ စာခေါက် ဖို့အတွက် code ကို မြင်ရပါလိမ့်မယ်။ (wordpress ရဲ့ စတိုင်အတိုင်း blogger က ပြင်ဆင်လိုက်တာဖြစ်ပါတယ်)
Image Hosting by imagefra.me
ဘလော့ကို ပြန်ကြည့်ကြည့်ပါ။ ခုနက ရေးလိုက်တဲ့ ပို့စ်မှာ စာခေါက်ထားတဲ့ အတိုင်း အပေါ်စာသားတစ်ခုပဲ လာပြပါတယ်။ ဒါပေမယ့် read more ဆိုတဲ့ နှိပ်စရာ မပေါ်သေးပါဘူး။ (အချို့ template တွေက ဒီအဆင့်မှာတင် ပေါ်ပါတယ်)
Image Hosting by imagefra.me

Layout - Edit HTML ကိုသွား၊ Expand Widget Templates ဆိုတဲ့ check box ကို check ပေးထားပြီး၊ Ctrl+F ကို နှိပ်ပါ။ ပေါ်လာတဲ့ search box မှာ အောက်က စာသားကို ကူးထည့်ပြီး ရှာလိုက်ပါ။ (ရှိကို ရှိပါတယ်၊ space မပါ စေပဲ ထည့်ပြီး နှိပ်ရှာပါ။)

Image Hosting by imagefra.me

အပေါ်မှာ ပြထားတဲ့ ပုံအတိုင်း မြင်ရပါလိမ့်မယ်။ သူ့ရဲ့ နောက်မှာ အောက်က စာသားကို ထည့်ပေးပါ။ အောက်မှာ ထပ်ပြထားတဲ့ ပုံအတိုင်း ဖြစ်ရပါမယ်။ သေချာကြည့်ပေးပါဦး။

Image Hosting by imagefra.me
ပြီးရင် Save ပြီး ကြည့်လိုက်ပါ။ Read more ပေါ်လာတာကို တွေ့ပါလိမ့်မယ်။
Image Hosting by imagefra.me

အဲဒီ read more ဆိုတဲ့ စာသားကို မိမိ ကြိုက်ရာ ရေးနိုင်ဖို့အတွက် LayoutPage Elements ကို သွားပြီး၊ Body Posts ရဲ့ Edit ကိုနှိပ်ပါ။
Image Hosting by imagefra.me

Post page link text : ဆိုတဲ့ အကွက်မှာ မိမိ စိတ်ကြိုက် ရေးလိုက်ပါ။ ပြီးရင် save ….. ဒါပါပဲ ။
Image Hosting by imagefra.me

အရင် expansable read more လုပ်ရတာထက် အများကြီး သက်သာသွားတာကို တွေ့မှာပါ။ စာတစ်ပုဒ်ကို အပြည့်အစုံ ဖတ်ဖို့အတွက် new page အဖြစ် reload လုပ်ပေးပါတယ်။ အဲဒီတော့ Hit များချင်သူတွေ အကြိုက်ဖြစ်မှာပါ။ connetion မကောင်းတဲ့ နေရာတွေအတွက်တော့ နည်းနည်း ထပ်စောင့်ဦးပေါ့။ ဘာပဲ ပြောပြော … blogger ရဲ့ New Feature အတွက် ကျေးဇူးတင်ပါတယ် …………… ကြိုက်လည်း ကြိုက်ပါတယ်။ အားလုံးလည်း အဆင်ပြေမယ်ထင်ပါတယ် …

source from http://www.thanlonnge.com

အချစ်စစ် ဘယ်လောက်ခံသလဲ?

"ကံကောင်းခြင်းစားပွဲ"ပို့စ်အောက်မှာ ကိုဇော်မျိုးလွင်က တစ်ယောက်ယောက်ရေးခဲ့တဲ့ သူ့ဘလော့က ကော်မန့်ကို လာပြပါတယ်။ အဲဒီကော်မန့်က 愛,拆開來是心和受兩個字。用心去接受對方的一切,用心去愛對方的所有。ဖြစ်ပြီး ကိုဇော်မျိုးလွင်က ဂူဂယ်လ်နဲ့ ဒီလိုဘာသာပြန်ထားပါတယ်။

Love, apart for a heart and by the word. Intention to accept each other's everything, all the intentions to love each other . (Translated by Google Word Translator)
ဒါကိုကျွန်မက ပိုနားလည်လွယ်အောင် မြန်မာလို ဒီလိုဘာသာပြန်ပါတယ်။ တရုတ်စာလုံး ()အချစ်ကို ဖြည်ကြည့်တဲ့အခါ ()နှလုံးသားနဲ့ ()လက်ခံဆိုတဲ့ စာလုံးနှစ်လုံးကို ရပါတယ်။ တစ်ဘက်သားရဲ့အရာရာကို နှလုံးသားနဲ့လက်ခံမယ်၊ နှလုံးသားနဲ့ချစ်မယ် ဆိုတာပဲဖြစ်တယ်။ နှလုံးသားနဲ့ နားလည်လက်ခံနိုင်မှ အချစ်ဆိုတာ ဖြစ်လာခဲ့တာဖြစ်တယ်။

ကျွန်မဖတ်ရတဲ့ ဇန်နဝါရီလ(၂၃)ရက်နေ့ ထိုင်းနိုင်ငံထုတ် The Universal Daily News တရုတ်သတင်းစာမှာ "အချစ်စစ်ရဲ့ အရှည်ကြာဆုံး လတ်ဆတ်မှုကာလက လ(၃ဝ)" ဖြစ်တယ်လို့ ဆိုထားပါတယ်။

အမေရိကန်နိုင်ငံ Cornell University အချစ်စိတ်ပညာဗေဒပညာရှင် ပရော်ဖက်ဆာYi Luက အမေရိကန်မှာရှိတဲ့ အသက်(၂၅)နှစ်မှ(၄၅)နှစ်ကြား ဇနီးမောင်နှံအတွဲ(၅ဝဝဝ)ကို သုံးနှစ်ကြာ လေ့လာဆန်းစစ်ခဲ့တယ်။ ဆန်းစစ်လို့ရလာတဲ့ အဖြေတွေကို ကွန်ပြူတာနဲ့ ဒေတာပြုစုပြီး ဆေးစိတ်ပညာနဲ့ ခွဲခြမ်းစိတ်ဖြာခဲ့တယ်။

နောက်ဆုံးရလာတဲ့ရလဒ်မှာ အချစ်စစ်ရဲ့ အရှည်ကြာဆုံး
လတ်ဆတ်မှုကာလက (၃)နှစ်ထက် မကျော်ကြောင်း တွေ့ရတယ်။ လတ်ဆတ်တဲ့ခံစားချက်တွေ ကုန်လွန်လာတာနဲ့အမျှ တစ်ဘက်သားရဲ့ နှလုံးခုန်သံ မြန်မမြန်၊ လက်ဖဝါးမှာ ချွေးစေးထွက်မထွက်ဆိုတာကို အချင်းချင်း မခံစားနိုင်ခဲ့ကြတော့ဘူး။ အချင်းချင်းပွေ့ဖက်တဲ့ အားဟာလည်း အရင်ကပွေ့ဖက်တဲ့အားထက် ၅ပုံ ၃ ပုံနဲ့ ၅ ပုံ၂ပုံသာရှိကြောင်း တွေ့ရတော့တယ်။ နမ်းရှုံ့တဲ့အပူချိန်ဟာလည်း အရင်ကနမ်းရှုံ့တဲ့အပူချိန်ထက် ၅ပုံ၃ပုံနဲ့ ၂ပုံသာရှိခဲ့ကြတော့တယ်။

တစ်ဆက်တည်းမှာပဲ ယောက်ျားမိန်းမအချင်းချင်း ဂရုစိုက်ကြည့်တတ်တဲ့ အကြည့်ဟာလည်း အရင်ကထက် ၅ပုံ၂ပုံနဲ့ ၁ပုံ လျော့နည်းသွားတာ တွေ့ရတယ်။ ပိုစိတ်ဝင်စားစရာကောင်းတာက ယောက်ျားလေးနဲ့ နမ်းရှုံ့တဲ့အခါ မိန်းကလေးတွေထောက်တတ်တဲ့ ခြေဖျားတွေဟာ အရင်ကထောက်တဲ့ ခြေဖျားထက် (၁)နဲ့(၂)စင်တီမီတာထိ နိမ့်သွားကြောင်း တွေ့ရပါတယ်။

ဒါကြောင့် ယောက်ျားနဲ့မိန်းမကြားက တကယ့်အချစ်စစ်ရဲ့ လတ်ဆတ်နိုင်မှုဟာ (၁၈)လမှ လ(၃ဝ)အထိပဲရှိခဲ့ပြီး အဲဒီထက်ကျော်လွန်တာနဲ့အမျှ လတ်ဆတ်နှုန်းတွေ တဖြေးဖြေး လျော့နည်းကုန်တယ်လို့ ဆန်းစစ်ချက်အရ တွေ့ခဲ့ရပါတယ်။

ကျွန်မထင်ပါတယ်.. အတူပေါင်းသင်းနေထိုင်ပြီး ကာလကြာလာတဲ့အမျှ တစ်ယောက်အပေါ်တစ်ယောက် ထားတဲ့ သံယောဇဉ်က ချစ်သူ၊ ညားကာစဆိုတာထက်ပိုရင်းနှီးပြီး မောင်နှမ၊ တစ်အိမ်သားချင်းဆိုတဲ့ဘက် ကူးပြောင်းသွားခဲ့လို့ တစ်ယောက်ကိုတစ်ယောက် ဂရုစိုက်မှုတွေ၊ ရင်ခုန်မှုတွေ လျော့နည်းကုန်တယ်လို့ ထင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ချစ်ကြပြီ၊ ယူကြပြီဆိုမှတော့ တစ်ဘက်သားရဲ့အရာရာကို နှလုံးသားနဲ့ လက်ခံနားလည်ပေးတတ်ဖို့ လိုအပ်ပါတယ်။

အချစ်(愛)ဆိုတဲ့စာလုံးကို နှလုံးသား၊ လက်ခံနားလည်ဆိုတဲ့ စာလုံးနှစ်လုံးနဲ့ တည်ဆောက်ထားလို့ပဲဖြစ်ပါတယ်။

ချစ်နိုင်ကြပါစေ...

source from nine nine sanay

တစ်နေရာတည်းတွင် အချိန်ကြာမြင့်စွာ ထိုင်ခြင်း ကြောင့်

လေ့ကျင့်ခန်းပုံမှန်လုပ်နေသူဖြစ်သော်လည်း တစ်နေရာတည်းတွင် အချိန်ကြာမြင့်စွာ ထိုင်ခြင်း ကြောင့် လူတို့၏ကျန်းမာရေးကို ထိခိုက်နိုင်ကြောင်း သိပ္ပံပညာရှင်များက သတိပေးပြောကြားသည်။ လေ့လာမှုများအရ နေ့များစွာထိုင်ပြီး အလုပ်လုပ်ရသူများသည် ၀လာကြောင်း၊ ၎င်းင်းအပြင် နှလုံးရောဂါ နှင့် အသက်အန္တရာယ်ကို ထိခိုက်နိုင်ကြောင်း သိရသည်။

ဗြိတိန်နိုင်ငံထုတ် ကျန်းမာရေးအားကစား ဂျာနယ်တွင် အားကစားနှင့် ကျန်းမာရေးသင်တန်း ကျောင်းမှ Elin Ekblom-Bakက ပြောကြားရာတွင် တာဝန်ရှိသူများအနေဖြင့် ကြာမြင့်စွာထိုင်ခြင်း အားဖြင့် ဖြစ်ပွားနိုင်သည့် အန္တရာယ်များကို သိသာစေခြင်းဖြင့် ကျန်းမာရေးလှုပ်ရှားမှုများကို ပြန်လည် စဉ်းစားဖို့ လိုလာပြီဖြစ်ကြောင်း၊ ကျန်းမာရေးအရာရှိများက ကိုယ်လက်လှုပ်ရှားမှုများကို လမ်းညွှန်ပေး ထားသော်လည်း အချိန်မည်မျှကြာ ထိုင်မည်ဆိုသည့် အချိန်သတ်မှတ်ချက်ကို အကြံပြုမည်သူ မရှိကြောင်းဆိုသည်။ (၄) နာရီကြာထိုင်ပြီးနောက် ကိုယ်ခန္ဓာမှစတင်၍ အန္တရာယ်ပြုမည့် လက္ခဏာများပြလာကြောင်း၊ ၎င်းင်းပြင် ကိုယ်ခန္ဓာရှိ အဆီဓာတ်နှင့် ဂလူးကိုစ့်ပမာဏကို လည်ပတ်စေမည့် ဗီဇမျိုးစိတ်လည်း မထုတ် တော့ကြောင်း၊ စားပွဲခုံတွင် ကြာမြင့်စွာထိုင်ခြင်းသည် အန္တရာယ်အလွန်များကြောင်း သူမက ပြောကြားခဲ့ သည်။ လွန်ခဲ့သောနှစ်က ထုတ်ဝေသော လေ့လာမှုစာစောင်အရ ကနေဒါလူမျိုး (၁၇၀၀၀) ဦးကို (၁၂) နှစ်ကြာ လေ့လာမှုပြုခဲ့ရာ ကိုယ်လက်လှုပ်ရှားမှု ပြုသည့်အချက်နှင့် သက်ဆိုင်မှုမရှိဘဲ အချိန်ကြာမြင့် ထိုင်သူများသည် အသက်အန္တရာယ်ပင် ထိခိုက်စေနိုင်ကြောင်း ဖော်ပြထားသည်။ ကနေဒါ သုတေသနခေါင်းဆောင် ၀င်န်နင်တန်ဇီဝဆေးပညာ သုတေသနဗဟိုဌာနမှ Peter Katzmorzyk က ကြာမြင့်စွာထိုင်နေသည့် အပြုအမူများကို ရှောင်ကြဉ်ပြီး မကြာခဏထပြီး လမ်းလျှောက်ခြင်းသည် ပိုမိုကောင်းမွန်ကြောင်းဆိုသည်။ ၂၀၀၅ခုနှစ် ၀က်လင်တန်ရှိ ဆေးပညာသုတေသနတက္ကသိုလ် နယူးဇီလန်အရ သွေးကြောသွေးခဲမှု ဝေဒနာရှင် (၆၂) ဦးတွင် တက္ကစီသမား၊ အိုင်တီအလုပ်သမားများ မန်နေဂျာများသည် ဤရောဂါကို ခံစားနေရပြီး ဤရောဂါ၏ ၃၂% သည် အလုပ်တွင် ကြာမြင့်စွာထိုင်ငြ်း၏ အကျိုးရလာဒ်များဖြစ် ကြောင်းကို ဖော်ပြခဲ့သည်။ ဤလေ့လာမှုအရ အလုပ်ချိန် (၈) နာရီအတွင်း (၃) နာရီကြာ ထိုင်ပြီးအလုပ်လုပ်သူများသည့် အတွက် ဤသို့အလုပ်၌ ရွှေ့ပြောင်းမှုမရှိဘဲ ကြာမြင့်စွာအလုပ်ုလုပ်ခြင်းသည် အန္တရာယ်တစ်ခု ဖြစ်ကြောင်း၊ အိုင်တီစက်ရုံများ၏ အလုပ်သမားများအတွက် တစ်နေ့လျှင် (၁၂) နာရီကြာ အလုပ်လုပ်ရာ တွင် (၁) နာရီကြာ မထဘဲမတ်တပ်ရပ်ချိန်မရှိပါက အလွန်အန္တရာယ်များကြောင်း ပြောကြားခဲ့သည်။ ၂၀၀၃-၂၀၀၄ ခုနှစ် အမေရိကန် လေ့လာတွေ့ရှိချက် ကိန်းဂဏန်းများအရ အမေရိကန်လူမျိုးများ သည် ၎င်းင်းတို့အချိန်၏ သက်တမ်းတစ်ဝက်ကျော်ကို ထိုင်ခြင်းအားဖြင့် အချိန်ကုန်ဆုံးလေ့ရှိကြောင်း သိရသည်။

source from mtalk.net.mm

Friday, January 29, 2010

နာဂ ရိုးရာပွဲတော်

နာဂ ရိုးရာပွဲတော် ကို စစ်ကိုင်းတိုင်း၊ ခန္တီး ခရိုင်၊ နန်းယွန်းမြို့နယ်တွင် ဇန်န၀ါရီ ၁၅ ရက်တွင် ကျင်းပ ခဲ့သည်။ နာဂ ရိုးရာပွဲတော် ကျင်းပရာ နန်းယွန်းမြို့နယ်တွင် နာဂ တိုင်းရင်းသား ကျေးရွာ အုပ်စု၅၁ နှင့် ကျေးရွာ ပေါင်း ၉၄ ရွာရှိသည်။ နာဂ တိုင်းရင်းသား များနေထိုင်သော ရနိုင် တောင်တန်း၊ မုတ် တောင်တန်း၊ ပတ်ကွိုင် တောင်တန်း၊ ဟူး ကောင်းတောင်တန်း၊ ခန္တီးခရိုင်နယ်စပ်ရှိ နာဂ တိုင်းရင်းသားများပါ ခန္တီးခရိုင်နန်းယွန်း မြို့ရှိ နာဂရိုးရာ ပွဲတော်သို့ တက်ရောက်ကြ ကြောင်း သိရသည်။

စည်ကား

နာဂ ရိုးရာ ပွဲတော်ကို ယခင်နှစ် များ၌ လေရှီး၊ လဟယ် တို့တွင် ကျင်းပခဲ့ပြီး ယခုနှစ် တွင် နန်းယွန်း မြို့နယ်နှင့် ထိစပ်နေသော လိတ်နိုချောင်း၊ ဟာနူးချောင်း၊ နောင်ယန်း အင်းနှင့် နောင်ဆိုင်အင်းတို့၌ နေထိုင်သော နာဂတိုင်းရင်းသားများပါ တက်ရောက်နိုင်ရန် တိုင်း၊ ခရိုင်၊ မြို့နယ် အာဏာပိုင်များက စီမံ ဆောင်ရွက်ခဲ့ သဖြင့် နာဂရိုးရာပွဲတော်သည် အလွန်ပင် စည်ကားခဲ့သည်။

မြေသားလမ်း

နန်းယွန်းနှင့် လဟယ်သည် ခရီးမိုင် ၁၂၀ဝေးသော်လည်း တိုင်း၊ ခရိုင်နှင့် မြို့နယ် အာဏာပိုင်အဖွဲ့က ကြိုးပမ်း အားထုတ်မှု ကြောင့် ပွဲတော်အမီ လဟယ်နှင့် နန်းယွန်း မြို့အထိ မြေသား လမ်းဖောက်လုပ် ပြီးစီးနေမှု ကိုဒေသခံများ ထံမှသိရသည်။

တည်နေရာ

ပထမအကြိမ် ကျင်းပသော နာဂရိုးရာ ပွဲတော် ကျင်းပရာနန်းယွန်းမြို့နယ် တည် နေရာ သည် အရှေ့နှင့် အရှေ့မြောက် တွင် ကချင်ပြည်နယ် ပူတာအို မြို့နယ်နှင့်တနိုင်း မြို့နယ်၊ အနောက်မြောက်ဘက် တွင်အိန္ဒိယ နိုင်ငံအာရှ နာချာပရာဒေ့ခ်ျပြည်နယ် ချန် လန်းခရိုင်နှင့် တောင်နှင့် အနောက် တောင်ဘက် တွင် ခန္တီးမြို့နယ် နှင့် လဟယ် မြို့နယ်တို့ ဆက်စပ် လျက်ရှိကြောင်း သိရ သည်။

အကျယ်အ၀န်း

နာဂ တိုင်းရင်းသားများ နေထိုင် သော တောင်တန်း တောင်ကုန်း များသည် စုစုပေါင်း ဧရိယာ စတုရန်း မိုင်ပေါင် ၂,၅၅၅ ကျော် ကျယ်ဝန်း ကြောင်း သိရသည်။

ယခုနှစ် ကျင်းပသော နာဂရိုးရာ ပွဲတော်သို့ နိုင်ငံ တကာမှ စာနယ်ဇင်း များနှင့် ဓာတ်ပုံ သတင်းထောက်များ ကို ထူးခြားစွာ မတွေ့ရခြင်းမှာ အိန္ဒိယနှင့် တရုတ်နိုင်ငံသို့ ဆက်သွယ် မည့် လီဒိုလမ်း အပိုင်းသည် အချောသပ် လုပ်ငန်း ပြည့်စုံစွာ မဆောင်ရွက်နိုင်သေး သဖြင့် ဖိတ်ကြားခြင်း မပြုလုပ်နိုင်ခဲ့ ကြောင်း ဒေသနေ ပြည်သူများ ထံမှ သိရ သည်။

ခရီးသွားဖွံ့ဖြိုး

အိန္ဒိယနယ်စပ်နှင့် ထိစပ် နေသော ပန်ဆောင်မြို့သည် ပင်လယ်ရေပြင် အထက် ပေ ၁,၂၀၀ အမြင့်မှာရှိပြီး ပွဲတော် ကျင်းပသည့် နန်းယွန်းမြို့သည် ပေ ၁,၁၅၀ မြင့်သည့် အတွက် ရာသီဥတု မှာလည်း အလွန်အေးပြီး နယ်မြေ လုံခြုံရေး အခြေအနေ မှာလည်း အလွန် အေးချမ်း သာယာစည်ပင်သော မြို့တစ် မြို့ဖြစ်ရုံမက မကြာသော ကာလတွင် ခရီးသွား လုပ်ငန်းများဖြင့် ဖွံ့ဖြိုး လာမည် ဖြစ်ကြောင်း ဒေသခံများ ထံမှ သိရ သည်။

ပြန်လည်စည်ကား

နာဂ တိုင်းရင်းသား များတွင် ကိုယ်ပိုင်စာ ပေ မရှိသော်လည်း ၎င်း တိုင်းရင်းသားများသည် အစဉ်အမြဲ ကျင်းပပြုလုပ်သော ပွဲတော်ဖြစ် သည့် နာဂရိုးရာ နှစ်သစ်ကူး ပွဲတော်ကို နှစ်စဉ် ဇန်န၀ါရီ ၁၅ရက်တွင် ကျင်းပသည်။ နာဂ တိုင်းရင်းသားများ ပြန်လည် ဆုံတွေ့သော ပွဲတော် ဖြစ်သည့်အတွက် တစ်ဦးနှင့်တစ်ဦး အမှတ်တရ အဖြစ်ကြက်၊ ငှက်၊ ၀က်၊ကျွဲ၊ နွား နှင့် နွားနောက်တို့ အပြင် ကိုယ်တိုင် ရက်လုပ် ထားသည့် ခြုံစောင်၊ လက် ရက်ခြင်း၊ ကြိမ်ကွင်း၊ ငွေ ကွင်းစသည်တို့ကို လည်း လက်ဆောင် အဖြစ်ပွဲတော် ကာလ အတွင်း လဲလှယ်ကြသည်။

အစဉ်အလာမပျက်

ဤကဲ့သို့ လက်ဆောင် ပေးရာတွင် ကြီး မားပြီး သယ်ဆောင်ရာတွင် မလွယ်သော ကျွဲ၊ နွားများကို ငွေကြေးတန်ဖိုးဖြင့် သတ်မှတ်ပြီးပေး အပ်ခြင်း ကို နာဂလူကြီးက ရှင်းပြ၍ သိရသည်။ ထို့အပြင် နာဂမျိုးနွယ်စု များ၏ ကောက်စိုက် ပွဲတော် ကောက်ရိတ် ပွဲတော်တို့ကို လည်း အစဉ် အလာမပျက် ကျင်းပ ကြကြောင်း သိရသည်။

မီးပုံပွဲ

နာဂ ရိုးရာ ပွဲတော် အခမ်းအနား တွင် နာဂ တိုင်းရင်းသား များသည် မာရသွန်၊ ဘော်လီ ဘော၊ လွန်ဆွဲပွဲ စသည့် အားကစားပွဲ တော်များကို ဇန်န၀ါရီ ၁၅ရက်နေ့ တွင်လည်း ကောင်း၊ ညပိုင်းတွင် နာဂရိုးရာ မီးပုံပွဲ၌ ရိုးရာ သီချင်းများဖြင့် ဖျော်ဖြေတင် ဆက်ကြပြီး မော်ဒယ် အလှမယ် ရွေးချယ်ပွဲ အခမ်းအနားကိုလည်း နှင်းမှုန်မှုန်ကြား တွင် ပျော်ရွှင်စွာ ဆောင်ရွက်ကြသည်။

ကူညီပံ့ပိုး

နာဂရိုးရာ ပွဲတော်သို့ ကျေးရွာပေါင်း ၉၄ ရွာမှ တောင်တန်း ဒေသနေ ကျေးရွာနာဂ များအတွက် စစ်ကိုင်းတိုင်း၊ အားကစားဝန်ကြီး ဌာနနှင့် ဒေသခံ တာဝန်ရှိသူများက အား ကစားပစ္စည်းများ၊ ဆန်၊ ဆီ၊ ဆား၊ အ၀တ် အထည်၊ ခြုံစောင်များနှင့် လိုအပ်သော ပစ္စည်းများ ကိုကူညီပံ့ပိုး ပေး ပြီးရင်းနှီးခင် မင်စွာ နာဂရိုးရာ ပွဲတော်နှင့် အတူ ပါဝင်ဆင်နွှဲခဲ့ကြ ကြောင်းသိရသည်။

သတင်းနှင့်ဓာတ်ပုံ – စောသိန်းဝင်း

source from the myanmar post journal

မြန်မာနိုင်ငံမှ ဗုဒ္ဓဂယာဘုရားဖူးယာဉ် တိမ်းမှောက်မှု ဖြစ်ပွား

မြန်မာနိုင်ငံမှဗုဒ္ဓဂယာဘုရားဖူးဝန်ဆောင်မှုကုမ္ပဏီတစ်ခု၏စီစဉ်ပေးမှုဖြင့်သွားရောက်သောဗုဒ္ဓဂယာဘုရားဖူးအဖွဲ့ပါကားတစ်စင်းတိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်းစုံစမ်းသိရှိရပါသည်။အဆိုပါဘုရားဖူးအဖွဲ့သည် ဇန်န၀ါရီလ၂၃ရက်နေ့ကဗုဒ္ဓဂယာဘုရားဖူးခရီးစဉ်အတွင်းတိမ်းမှောက်ဖြစ်ပွားခဲ့ရာခရီးသည်တစ်ဦးသေဆုံးပြီးဒဏ်ရာရသူအချို့ရှိခဲ့ကြောင်းစုံစမ်းသိရှိရသည်။ဖြစ်ပွားခဲ့သည့်ဖြစ်စဉ်နှင့်ပတ်သက်၍အဆိုပါဘုရားဖူးအဖွဲ့အားပို့ဆောင်ပေးသည့်သက်ဆိုင်ရာဘုရားဖူးအေဂျင်စီမှတာဝန်ရှိသူကိုဆက်သွယ်မေးမြန်းခဲ့ရာထိုခရီးစဉ်မှပြန်လည်ရောက်ရှိလာခြင်းမရှိသည့်အတွက်ဖြေကြားနိုင်ခွင့်မရှိသေးကြောင်းလည်းပြောပြသွားခဲ့သည်။ ယင်းကဲ့သို့ဖြစ်စဉ်နှင့်ပတ်သက်၍အခြားဘုရားဖူးအေဂျင်စီများကိုဆက်သွယ်မေးမြန်းခဲ့ရာတွင်အဆိုပါဘုရားဖူးကားသည်ညဘက်တွင်စတင်၍သိင်္ကဿဂူသို့ထွက်လာခဲ့ကြောင်းနံနက်၈နာရီခန့်တွင်တိမ်းမှောက်ခဲ့ကြောင်း၊ယာဉ်ပေါ်တွင်ပါရှိသူခရီးသည် ၁၈ဦး မှ တစ်ဦးသေဆုံးခဲ့ပြီး ကျန်ခရီးသည် အချို့မှာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

source from : news-eleven.com

မေမေပြောတဲ့ အမောပြေ

ကျွန်တော် ဆယ်ကျော်သက် အရွယ်တုန်းက မေမေ ပြောတာ ပြန်သတိရမိတယ် မေမေက ဘယ်လိုပြောခဲ့သလဲ ဆိုတော့ ငါ့သား လောကမှာ လှတာလေးနဲ့ အမောမပြေနိုင်ဘူးတဲ့ မင်းအမောပြေစေဖို့၊ မင်းကို ချစ်မြတ်နိုးနိုင်မဲ့ မိန်းမကောင်းတစ်ယောက်ကို ငါ့သား ရှာယူတော့တဲ့ မိန်းမ ပေါတယ် မယားရှားတယ်တဲ့၊ ဒီခေတ် မိန်းကလေးတွေက ရင်ထဲက အချစ်ထက် အပေါ်ယံ အချစ်ကိုပဲ တန်းဖိုးထားတက်ကြတယ်တဲ့ ။မိန်မ ဖြတ်လိုဲ့ပြည်ပျက်တယ်တဲ့။ မိမိနဲ့ လိုက်လျော ညီထွေတဲ့ မိမိကို သစ္စာရှိနိုင်မဲ့ မိန်းမကောင်းကို ရှာယူပါတဲ့ အဲ့ဒီ မိန်းကလေးဟာ ဒီလောကမှာ ရှိနိုင်ပေမဲ့ ရှားတယ်တဲ့။ တစ်ခါတစ်လေတော့လဲ ကိုပေးလိုက်ရတဲ့ ရင်းနှီးမှု ကြီးမားတဲ့ အရာတွေဟာ ပြန်ရရှိလိုက်တာကတော့ ၀မ်းနည်းမှုတွေပါတဲ့ အရှုံး သက်သက်ပါ။ ထာဝရတာ ပိုင်ဆိုင် ရမယ်လို့ သံဓိဌာန်ချထားလဲ စိတ်ကူးနဲ့ လက်တွေဟာ ထပ်တူ မကျရောက်နိုင်ဘူးဆိုတာ ရှုံးဆုံးမှုတွေ များလွန်းလှတဲ့ ကျွန်တော့် အတွက်တော့ ပြောမပြလောက်အောင်ဖြစ်ခဲ့ရပါပြီ။လောကမှာ သိပ်ရင်းနှီးပြီး အကျွမ်းဝာ၀င်ရှိကြတဲ့ သူငယ်ချင်းတွေဟာလဲ တစ်ခါတစ်လေတော့ ဘာမဟုတ်တဲ့ ကိစ္စလေးတွေကြောင့် ကျောခိုင်းသွားကြတယ်။ လူသားတွေရဲ့ လိုအပ်ချက်ဟာဘာလဲ… ကျွန်တော် သိလိုက်တာကတော့ လူတစ်ယောက်ရဲ့ ရှိသင့် ရှိထိုက်တဲ့ အရည်အချင်းတွေလား၊ မဟုတ်သေးဘူးထင်တယ်၊ငွေဆိုတဲ့ ပကာသန ကြောင့်လား ဒါမှာမဟုတ် နားလည်မှုဆိုတဲ့သံယောဇဉ်တွေပဲလား အရာအားလုံးဟာ ကျွန်တော့်အတွက်တော့ ဇဝေဇ၀ါ နဲ့ပါလား၊ကျွန်တော့် ဘ၀မှာ နာကျည်းမှုတွေ ခံစားချက်တွေများလာတော့ ၀မ်းနည်းမှု သံဇဉ်တွေဆို နားမထောင်ရဲလောက်အောင်ဖြစ်နေလေရဲ့။ ကျွန်တော့်အတွက်တော့ မေမေ ပြောတဲ့ အမောပြေကို လိုက်ရှာရင်း ကျွန်းတော့်ရဲ့ ဆယ်ကျော်သက်ဆိုတဲ့ အရွယ်ကိုတောင် စွန်လွှတ်၍ အရာရာကို စဉ်းစားတက်တဲ့ အရွယ်တောင် ရောက်ခဲ့ပြီပေါ့။အရာရာကို ဖြစ်ချင်စိတ်များပြီး လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့ ကျွန်တော့်ရဲ့ ငယ်ရွယ်တဲ့ အချိန်ကို ကုစားမရနိုင်တော့သလို နောက်တစ်ခါ အမှား မလုပ်မိဖို့ မိမိကိုကို အမြဲ ဆင်ခြင်ရင်း ဘ၀တိုက်ပွဲကို ရဲရဲ ရင့်ရင့် ရင်ဆိုင်ကျော်လွှားကာ ကျွန်တော့ရဲ့ ရည်မှန်းချက် ပန်းတိုင်သို့ အရောက်လှမ်းရင် မေမေပြောတဲ့ အမောပြေကို ရှာဖွေ နေမိတယ်။အားလုံး ဘ၀အမောပြေ၊ အလှပန်းတွေ ဝေစေနိုင်ဖို့ အချိန်ရှိခိုက် လုံ့လ စိုက်စို့။

အကယ်ဒမီ ဆု ပေးပွဲ

ဒီနှစ် အကယ်ဒမီပေးပွဲကို အရင် နှစ်တွေလိုပဲ တစ်ခန်းတစ်နား ကျင်းပတော့မှာပါ။ အကယ်ဒမီပေးပွဲကို လူကိုတိုင်သွားရောက် မကြည့်နိုင်ပေမဲ့ အကယ်ဒမီ ဘယ်သူတွေရနိုင်မလဲ။ အကယ်ဒမီပေးပွဲ ပေါ်ပေါက်လာပုံ၊ရုပ်ရှင် ဆိုပြီး ပေါ်ပေါက်လာတာနဲ့ ဘယ်သူတွေ အကယ်ဒမီ ဆု ဆွတ်ခူးခဲ့လဲ သိချင်ရင်တော့ ဒီနေရာလေးမှာ လင့်ပေးထားပါတယ်။

http://academy.myanmarcgiaward.com

Thursday, January 28, 2010

HIV ထက် ကြောက်စရာကောင်းသော လူများ

သိပ်မကြာသေးမီက အိမ်နီးနားချင်း India နိုင်ငံမှာ အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့တယ်။ ရုပ်ရှင်ရုံတစ်ရုံတွင် အမျိုးသမီးတစ်ဦးသည် ရုပ်ရှင်ရုံအတွင်းရှိ ထိုင်ခုံတွင် ထိုင်လိုက်သောအခါ တင်ပါးတွင် ဆူးကနဲ နာကျင်သွားသည်။ သူမထ၍ ထိုင်ခုံကို ကြည့်လိုက်သောအခါ ထိုင်ခုံတွင် ဆေးထိုးအပ်တစ်ချောင်း နှင့် စာတစ်စောင်ကို တွေ့ရတယ်။ စာထဲတွင် ရေးထားသည်ကား " သင်သည် HIV ပိုးကို ကူးစက်ခံလိုက်ရပါပြီ " တဲ့။

ပြင်သစ်ပြည်ရှိ ကျန်းမာရေးဌာနတစ်ခုမှလည်း အလားတူဖြစ်ရပ်များ ဖြစ်ပွားနေသည်ဟု ကြေငြာထားပါသည်။

ရု့ပ်ရှင် ရုံများတွင်သာမက ဘဏ်ရှိ ငွေထုတ်စက်များတွင်ပါ HIV positive ဖြစ်သော အပ်များကို တွေ့ရှိသည်ဟု India ရှိ ကျန်းမာရေးဌာနမှ သတင်းထုတ်ပြန်ထားသည်။ ဒါကြောင့် သူတို့ဆီမှာ ရုပ်ရှင်ရုံတွေ ငွေစက်တွေမှာ အသုံးပြုရင် အရမ်းသတိထားဖို့ လှုံဆော်မှုတွေ ပြုလုပ်နေပါတယ်။

အိမ်နီးနာချင်း နိုင်ငံမှာ ဖြစ်နေတာဆိုတော့ သတိထားသင့်တယ်ထင်လို့ ဖော်ပြလိုက်တာပါ။ ရှင်းရှင်းပြောရရင် မြန်မာတွေက အဲဒီလောက် စိတ်မပုပ်ဘူး ထင်တာပဲ။ ဒါပေမယ့် ရုပ်ရှင်ရုံတို့လို အလင်းရောင် မကောင်းတဲ့နေရာမှာ ထိုင်မယ်ဆိုရင် သတိထားတာ အကောင်းဆုံးပါပဲ။ နောက်တစ်ချက်က ဒီမှာ အမှိုက်သိမ်းတာ က စနစ်တကျမရှိတော့ အမှိုက်ပုံတို့နားကို ဖြတ်လျောက်သွားရင် သတိထားစေချင်ပါတယ်။ ဆေးထိုးအပ်တွေ ထောင်နေတတ်တယ်။

နိုင်ငံတကာရောက်နေကြတဲ့ မြန်မာတွေလည်း သတိထားသင့်တယ်။ တစ်ကယ်လို့ အပ်ဆူးသွားရင်လည်း အရမ်းကြီးကြောက်မသွားပါနဲ့။ အပ်ဆူးတိုင်းလည်း ပိုးမကူးတတ်ပါဘူး။ ပိုးဝင်သွားတိုင်းလည်း ဖြစ်ဖြစ်ချင်း ဆေးတစ်လ သောက်ရင် ၉၀ ရာခိုင်နှုန်း လောက် ကာကွယ်ပေးနိုင်ပါတယ်။ အဲဒီတော့ အရမ်းတုန်လှုပ်ခြောက်ခြားခြင်းမျိုးလည်း ရှောင်သင့်တယ်။

source from ဇီဝက (ဆေး-၂)

ရတနာပုံ အသင်းသည် ၎င်းတို့၏ ကျောနံပါတ် ၁၂ အား မည်သည့် ကစားသမား ကိုမျှ ၀တ်ဆင်ခွင့် မပြူတော့

ရတနာပုံ အသင်းသည် ၎င်းတို့၏ ကျောနံပါတ် ၁၂ အား မည်သည့် ကစားသမား ကိုမျှ ၀တ်ဆင်ခွင့် မပြူတော့ဘဲ ထာဝရ အနားပေး တော့မည်ဟု အသင်းပိုင် ၀က်ဘ်ဆိုက်မှ ထုတ်ပြန် ကြေညာခဲ့သည်။

ရတနာပုံ အသင်း ပရိသတ်များက ၎င်းတို့၏ အားပေးမှုကို အသိအမှတ် ပြုပေးပါရန် တောင်းဆို လာသဖြင့် ပိုင်ရှင် ဖြစ်သူ ဒေါက်တာ စိုင်းဆမ်ထွန်းက ယင်းသို့ ဆောင်ရွက် ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ဒေါက်တာ စိုင်းဆမ်ထွန်းက ပရိသတ် များသည် အချို့ ပွဲများတွင် သွေး၊ ချွေးများ စတေးကာ အချိန်၊ ငွေ၊ လူအားဖြင့် စိုက်ထုတ် အားပေး ခဲ့ကြကြောင်း၊ ရတနာပုံ ဘောလုံး ကလပ် သမိုင်း ရေးထိုးကာစတွင် ပရိသတ် များ၏ အခန်း ကဏ္ဍမှာ လွန်စွာ အရေးပါကြောင်း၊ ထို့ကြောင့် ပရိသတ်များကို အသင်း၏ ၁၂ ယောက်မြောက် ကစားသမား အနေဖြင့် သတ်မှတ်ကာ ကျောနံပါတ် ၁၂ ကို အနားပေး ခဲ့ခြင်း ဖြစ်ကြောင်း ရှင်းလင်း ပြောကြား သွားခဲ့သည်။

ရတနာပုံ အသင်းသည် မြန်မာ နေရှင်နယ် အမှတ်ပေး လိဂ်ပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သည့် အသင်း ဖြစ်ပြီး MNL Cup ချန်ပီယံ လည်း ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့ အသင်းသည် လာမည့် ဘောလုံး ရာသီတွင် AFC President’s Cup ပြိုင်ပွဲ ၀င်ရောက် ယှဉ်ပြိုင်မည့် အသင်းလည်း ဖြစ်သည်။ လတ်တလောတွင် ရတနာပုံ အသင်းသည် ဗီယက်နမ် နိုင်ငံ၌ ဟောင်အန်း ဂယ်လိုင်း အသင်းနှင့် ခြေစမ်းပွဲ ကစားရန် စီစဉ် ထားသည်ဟု သိရသည်။
Source from soccer myanmar

ဆံတော်ရှင်ကျိုက်ထီးသာသနာနှင့် ကာလီဖိုးနီယားသူ၊

PoorBest
ဆံတော်ရှင် ကျိုက်ထီးဆောင်း သာသနာတော်နှင့် ပတ်သက်၍ ကျေးဇူးရှင် ကျိုက်ထီးဆောင်း ဆရာတော်ဘုရား၏ သြဝါဒကို ခံယူကာ ကိုသိန်းဇော်၏ နေအိမ်တွင် အဖွဲ့လေးတစ်ဖွဲ့ စုစည်းဖြစ်ကြသည်။ ကျေးဇူးရှင် ကျိုက်ထီးဆောင်း ဆရာတော်၏ သြဝါဒဖြင့် ဆံတော်ရှင် ကျိုက်ထီးဆောင်း သာသနာ မညှိုးနွမ်းစေရန် ဝိုင်းဝန်း အဖြေရှာကြသည်။ တရားဥပဒေမဲ့ လုပ်ဆောင် နေကြသူများကို တရားဥပဒေ ဘောင်အတွင်းမှ ဖြေရှင်း ဟန့်တားကြရန် စဉ်းစားကြသည်။ ဥပဒေပညာရှင် ဆရာ ဦးအောင်စိုးက တရားဥပဒေနှင့် ပတ်သက်သည့် အပိုင်းကို တာဝန်ယူရန် တာဝန်ခွဲကြသည်။ သည့်နောက် ကျေးဇူးရှင် ကျိုက်ထီးဆောင်း ဆရာတော်ဘုရားထံ လျှောက်ထား၍ နိုင်ငံပိုင် သတင်းစာများတွင် အများနည်းတူ ကြော်ငြာ ထည့်ကြသည်။ လတ်တလော ဆောင်ရွက်နိုင်ဖွယ်ရှိသည့် အမှုကိစ္စကို မေတ္တာဖြင့် ဆောင်ရွက်ကြခြင်း ဖြစ်သည်။ ကျေးဇူးရှင်ကျိုက်ထီးဆောင်း ဆရာတော်ဘုရားမှ မေတ္တာဖြင့်လုပ်ဆောင်ကြရန် ဆန္ဒရှိတော်မူသည့် အတွက် လတ်တလောသည် နည်းလမ်းကို ရွေးချယ်ကြသည်။ နိုင်ငံပိုင် သတင်းစာတွင် ကြော်ငြာ ထည့်သွင်းပြီးသည့် နောက်တစ်ရက်မှာပင် ကျေးဇူးရှင်ကျိုက်ထီး ဆောင်းဆရာတော်ဘုရားအား သွားရောက်ဖူးမျှော်ရန် ရှိရာ ဆရာဦးအောင်စိုးဦးမှ သတင်းစာကြော်ငြာလေး ယူသွားပြီး 'ဆရာတော်ဘုရားကို လျှောက်ခဲ့ပါ'ဟု လှမ်းမှာခဲ့သည်။
ရန်ကုန်မှ မနက်လင်းအားကြီး ထွက်ခဲ့ကြသော မိမိတို့အဖွဲ့သည် ကျေးဇူးရှင် ကျိုက်ထီးဆောင်းဆရာတော်ဘုရား၏ ကျောင်းသို့ မနက်(၇)နာရီ ဝန်းကျင်ခန့်တွင် ရောက်ခဲ့ကြသည်။ ဆရာတော်ဘုရား၏ ကျောင်းဝင်းတံခါးမှာ ပိတ်လျက်သား။ ဒါကြောင့် ကျေးဇူးရှင် ဆရာတော်ဘုရားအား ဖူးမျှော်ခွင့်ရရန် စောင့်ဆိုင်းနေကြချိန်မှာပင် တိုက်တိုက်ဆိုင်ဆိုင် ကျေးဇူးရှင် ကျိုက်ထီးဆောင်း ဆရာတော်ဘုရားသည် အပြင်မှကြွလာခဲ့သည်။ 'ဟေ၊ စောစောစီးစီးပါလား။ ဘယ်အချိန်က ထွက်လာကြတာတုန်း'ဟု မိန့်သည်။ သည့်နောက် ကျေးဇူးရှင်ကျိုက်ထီးဆောင်း ဆရာတော်ဘုရားအား ဖူးခွင့်ရရာ လျှောက်ထားစရာရှိသည်များ လျှောက်ထားခဲ့ဖြစ်သည်။ ကျေးဇူးရှင် ကျိုက်ထီးဆောင်း ဆရာတော်ဘုရားမှ ဆရာတော် သံဃာတော် အရှင်သူမြတ်တို့၏ ပုံတော်များကို လမ်းဘေးပလက်ဖောင်းများတွင် ဖူးမျှော်ရသည်မှာ မသင့်တော်ကြောင်း၊ အယဂါရဝ ဖြစ်စေကြောင်း မိန့်သည်။ ကျေးဇူးရှင် ကျိုက်ထီးဆောင်း ဆရာတော်ဘုရားမှ 'အေးလေ၊ အဆင်ပြေအောင် ကြည့်လုပ်ကြ'ဟုလည်း မိန့်ခဲ့သည်။ ထိုနေ့က ကျေးဇူးရှင်ကျိုက်ထီးဆောင်း ဆရာတော်ဘုရားအား ပုတီးစွန့်ပါဘုရားဟု လျှောက်ထားရာ၊ စိပ်ပုတီးတစ်ကုံးနှင့် အတူ စာအုပ်တစ်အုပ်စွန့်လိုက်၍ 'ရော့ဖတ်'ဟုမိန့်သည်။ အဆိုပါစာအုပ်ကို လေ့လာရာ ထူးဆန်းမှုတွေ တွေ့ခဲ့ရသည်။ ဒါကြောင့် နောက်တစ်ရက်၊ ကျေးဇူးရှင်ကျိုက်ထီးဆောင်း ဆရာတော်ဘုရားအား သွားရောက်ဖူးမျှော်ပြီး အဆိုပါစာအုပ်နှင့်ပတ်သက်၍ လျှောက်ထားရာ၊ 'အေး၊ ကောင်းတယ်ထင်ရင်လုပ်' ဟု မိန့်သည်။ ထို့ကြောင့် သီလရှင်ဆရာကြီးအား သွားရောက်လျှောက်ထား၍ ကာလီဖိုးနီးယားသူ သီလရှင်ဆရာလေးအား တွေ့ခွင့်တောင်း၍ သိလိုသည်များ လျှောက်ထားခဲ့ပါသည်။ ကာလီဖိုးနီးယားသူ သီလရှင်ဆရာလေးမှ ကျိုက်ထီးဆောင်းသည် သူ၏ အိမ်ဟုဆိုသည်။ သူ၏ဆောင်းပါးအား ကျိုက်ထီးဆောင်း ယောဂီဆရာမတက္ကသိုလ်ကြည်မာဘာသာပြန် ထားသည့်အတိုင်း မိမိဂျာနယ်တွင်ဖော်ပြခွင့်တောင်းခဲ့သည်။ ကျေးဇူးရှင်ကျိုက်ထီး ဆောင်းဆရာတော်ဘုရားမှ ခွင့်ပြုပြီးဖြစ်ကြောင်းလည်း လျှောက်ထားဖြစ်ခဲ့သည်။ ကာလီဖိုးနီးယားသူ ဆရာလေး၏ဆောင်းပါးကို လေ့လာနိုင်ကြရန် တင်ပြအပ်ပါသည်။

တစ်ယောက်မှ တစ်ပါးအဖြစ်သို့

စာရေးသူ၏ ဆန္ဒမွန်
ဤစာအုပ်သည် အမေရိကန် ကမ္ဘာလှည့် ခရီးသည်တစ်ယောက် အဖြစ် မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီးနောက် မြတ်ဗုဒ္ဓ၏ အဆုံးအမကို လိုက်နာ၍ စစ်မှန်သော ဘဝရှင်သန်မှု ကို ပိုမိုနားလည်ကာ သီလရှင်အဖြစ်သို့ ရောက်ရှိလာပုံ (သာမန်လူတစ်ယောက်အဖြစ်မှ သီလရှင်ဖြစ်လာပုံ)ကို ရေးထားခြင်းဖြစ်ပါသည်။
ယင်းသို့ရေးသားခြင်းဖြင့် ကျိုက်ထီးဆောင်းဆံတော်ရှင် စေတီတော်ကိုလည်းကောင်း၊ ရွှေလိုလှသော သုဝဏ္ဏဘူမိတွင် ဖြူစင်သော သာသနာ့ဝန်ထမ်း ဘဝကို မြတ်စွာဘုရား၏ အဆုံးအမအတိုင်း စစ်မှန်တိကျစွာ အနှိုင်းမဲ့ကြည်ညိုစွာ လိုက်နာ ကျင့်ကြံလျက်ရှိသော ကျိုက်ထီးဆောင်း ဆရာတော်နှင့် လည်းကောင်း မိတ်ဆက်ပေးလိုပါသည်။
ဤစာအုပ်ကိုဖတ်ရှု၍ သင်၏ရင်တွင်းမှ အမှန်တရားကို ရှာဖွေလိုသော မျိုးစေ့ကလေးသည် အညွန့်အညှောက် ပြူထွက်ကာ သင်သည်လည်း အမှောင်ကိုကျောခိုင်း၍ တရားအလင်းရောင်ဆီသို့ ရှေးရှုခြင်းဖြင့် သင့်ဘဝကို ပြောင်းလဲနိုင်လိမ့်မည်ဟု မျှော်လင့်မိပါသည်။
ဒေါ်စန္ဒဝတီ (အမေရိကန်သူ) (ကျိုက်ထီးဆောင်းသီလရှင်)

ပထမဦးစွာ 'မင်္ဂလာပါ'ဟု နှုတ်ခွန်းဆက်သပါသည်။
'မင်္ဂလာပါ'ဟူသော မြန်မာ စကားသည် 'တွေ့ဆုံရတာ များစွာ ကောင်းမွန်လှပါသည်'ဟု ဆိုလိုပါသည်။ အမှန်တကယ်လည်း ဗုဒ္ဓမြတ်စွာဘုရား၏ အဆိုအဆုံးအမ များကို ကျိုက်ထီးဆောင်းဆရာတော်မှ တစ်ဆင့် ရှာဖွေတွေ့ရှိခဲ့သော ကျွန်ုပ်၏ ဂမ္ဘီရခရီးစဉ်တွင် အသင်လည်း ကျွန်ုပ်နှင့်အတူ လိုက်ပါကြုံ ဆုံရလျှင် 'မင်္ဂလာရှိပါတယ်' ဟု ဆိုရပါမည်။
ရွှေတိဂုံစေတီရင်ပြင်တော်ပေါ်တွင် ဆရာတော်ကြီးကို နတ်တို့စီမံထားသလို တိုက်တိုက်ဆိုင် ဆိုင်ဖူးတွေ့ရပါသည်။ (၂ဝဝ၂) ခုနှစ်၊ နိုဝင်ဘာလ (၉)ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် ရောက်ရှိကာ (၉)ရက်ကြာမျှ နေထိုင်ခဲ့ပါ၏။ ဗုဒ္ဓဘာသာဝင် တို့အတွက် နံပါတ်(၉)သည် ကိုးနဝင်း၊ ကောင်းခြင်းဝေဆာသည်ဟု ယူဆကြပါသည်။ ထို့ကြောင့် ကျွန်ုပ်သည်လည်း အမြတ်ဆုံးဖြစ်သော ဘုရား၊တရား၊သံဃာ ရတနာသုံးပါးနှင့် တကွ သာသနာ့အဆုံး အမများတည်ရာ သာသနာ့လောကထဲသို့ မယိုင်လဲသော သဒ္ဓါတရားဖြင့် ဝင်ရောက် ခိုလှုံရတော့မည်ဟု ရင်တွင်းအသိ အစပျိုးခဲ့ပါ၏။
ရွှေတိဂုံစေတီတော်တွင် ဗုဒ္ဓမြတ်ဘုရားအား အလေးအနက် ကြည်ညိုသဒ္ဓါအားဖြင့် ဝပ်တွားပူဇော်လျက်ရှိသော ကျိုက်ထီးဆောင်း ဆရာတော်ကို ပထမဆုံးအကြိမ် ဖူးမြင်လိုက်ရကတည်းကပင် မီးရောင်သို့တိုးဝင်သော ပိုးဖလံပမာဆရာတော်၏ တောက်ပသော အလင်းရောင် နောက်သို့ မလိုက်ဘဲ မနေနိုင်တော့ပါ။ ကျွန်ုပ်၏ နက်ရှိုင်းသော ကြည်ညိုမှုကို ဆရာတော်က အသိအမှတ်ပြု၍ သူ၏ကျောင်းသင်္ခမ်းရှိရာ 'သုဝဏ္ဏဘူမိ' ခေါ် ရွှေလိုလှသောမြေသို့ လာရောက်ရန် ဖိတ်ခေါ်ပါသည်။
ထိုဒေသတွင် ဗုဒ္ဓမြတ်စွာဘုရား အမွေပေးသနားခဲ့သော ဆံတော်များ ကိန်းဝပ်စံပယ်ရာ ဆံတော်ရှင်စေတီတော်များကို ဆရာတော်သည် ဖွင့်ဖော်ပြုပြင် ထိန်းသိမ်းစောင့်ရှောက် မွမ်းမံလျက် နှစ်ပေါင်း (၃၇)နှစ်ခန့် မမောနိုင်မပမ်းနိုင် သစ္စာကိုက်စွာ ယနေ့ထက်တိုင် အံ့မခန်းအောင် ဆောင်ရွက်နေသည်မှာ ဗုဒ္ဓဘုရားရှင်၏ ဗျာဒိတ်တော်လာရှိသည့် အတိုင်း လိုက်နာဆောင်ရွက်နေကြောင်း ထင်ရှားလှပေသည်။
Source from snap shot

Wednesday, January 27, 2010

အချိန်တွေ ကို ဘယ်လို့ရပ်တန့်ရပါမလဲနော် အချိန်တွေ ကုန်နေတာ အသက်တွေကြီးဖို့ပဲ ဖြစ်နေပြီ အချိန်ကို ဘယ်လို အကျိုးရှိရှိအသုံးချရပါ့မလဲ နော်။
အချိန်တွေ ကို ဘယ်လို့ရပ်တန့်ရပါမလဲနော် အချိန်တွေ ကုန်နေတာ အသက်တွေကြီးဖို့ပဲ ဖြစ်နေပြီ အချိန်ကို ဘယ်လို အကျိုးရှိရှိအသုံးချရပါ့မလဲ နော်။

Kawhmu Myanmar - Explore Kawhmu City, Kawhmu Town, Kawhmu Village, Kawhmu Map, Kawhmu Yangon

Kawhmu Myanmar - Explore Kawhmu City, Kawhmu Town, Kawhmu Village, Kawhmu Map, Kawhmu Yangon
ဟိုင်း

CDMA 450 MHz နှင့် 800 MHz ကွာခြားချက်

CDMA 450 MHz နှင့် CDMA 800 MHz ဖုန်းများတွင် လိုင်းအားနည်းစနစ်များမှာ ကွာခြားမှုများကြောင်းသိရှိရသည်။

CDMA 450 MHz ဖုန်းများသည် နောက်ဆုံးပေါ်လိုင်းအားမြင့်မားသည့် စက်ကြီးများနှင့် ထုတ်လွှင့်ဖမ်းယူပြီး မြန်မာကမ်းရိုးတန်းတလျှောက် တောင်ပေါ်ဒေသ၊ မြေပြန့်ဒေသပါမကျန် အသုံးပြုနိုင်သော်လည်း CDMA 800 MHz ဖုန်းများကို ယခင်က ခြင်းဖုန်းဟုခေါ်တွင်ခဲ့သော ၇၂, ၇၀, ၇၁ အစရှိသော ဖုန်းနံပါတ်များနှင့် ပြောဆိုရသော ဖုန်းများဖြစ်သည်။ ၀၉၈၀, ၀၉၈၁, ၀၉၈၂ အစရှိသဖြင့် ဖုန်းများအနေ ဖြင့်လည်း ရှိခဲ့သည်။ ယင်းဖုန်းများ သည် နေရာဒေသကန့်သတ်ချက် များရှိနေသည်။ ရန်ကုန်နှင့် မန္တလေး မြို့များတွင်သာ အသုံးပြုနိုင်သည် ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့၏ မည် သည့်နေရာသို့မဆို သယ်ဆောင် သွားနိုင်ပြီး ပြောဆိုနိုင်သည်။ ၎င်းင်း ၏လိုင်းအားမှာ နိမ့်ပါးပြီး ယခင်က အင်တနာတိုင်ကို မြင့်မားစွာထောင် ပြီးဖမ်းယူအသုံးပြုရသည်။ ယခု နောက်ပိုင်းတွင် လိုင်းပိုမိုကောင် မွန်လာခဲ့ကြောင်းသိရသည်။ CDMA 450 MHz ဖုန်းများကို ၂၀၀၈ ခုနှစ်တွင် စတင်၍ကမ်းရိုး တမ်းသုံးနိုင်စေရန် တိုင်ထောင်တပ် ဆင်ပြီး လွှင့်ထူခဲ့ရာ မြန်မာကမ်း ရိုးတမ်းတလျှောက်တွင် CDMA 450 MHz ဖုန်းများနှင့် ပြောဆို ဆက်သွယ်နိုင်ခဲ့သည်။ ၎င်းင်းတို့၏ လိုင်းအားကောင်းမှုကြောင့် နောက် ပိုင်းမြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မြန်မာတစ်ပြည်လုံးအသုံးပြုနိုင်ရန် တောင်ပေါ်မြေပြန့်မကျန် တပ်ဆင် ပြီး CDMA 450 MHz ဖုန်းများကို အသုံးပြုခွင့်ပေးခဲ့သည်။ လိုင်းအား ကောင်းမွန်မှုကြောင့် လူကြိုက်များ ခဲ့ပြီး ယခုအခါတွင် နေပြည်တော် တွင်မှာ CDMA 450 MHz ဖုန်း များကို အသုံးပြုနိုင်နေပြီဖြစ်သည်။ CDMA 450 MHz ဖုန်းများသည် အထိုင်ဖုန်းနှင့် ဟန်းဆက်ဟူ၍ နှစ်မျိုးအသုံးပြုနိုင်သည်။ ကတ် စနစ်ဖြင့် အသုံးပြုရခြင်းဖြစ်သည်။ နယ်မြို့များတွင် အထိုင်ဖုန်းအဖြစ် အသုံးပြုမှုများပြားပြီး ဟန်းဆက် သုံးစွဲမှုမှာ မြို့နေလူတန်းစားများမှ အများဆုံးအသုံးပြုကြကြောင်းသိရ သည်။ အထိုင်ဖုန်းများသည် ဈေးနှုန်း ၂ သိန်းဝန်းကျင်ခန့်ရှိသလို လိုင်းအားကောင်းမွန်ကြောင်း သိရသည်။ ဟန်းဆက်မှာလည်း ၁ သိန်းမှ ၂ သိန်းခွဲဝန်းကျင်ရှိ၍ လိုင်း အားကောင်းမွန်သည့် ဟန်းဆက် များဖြစ်သည်။ အထိုင်ဖုန်းများတွင် CDMA 450 MHz နှင့် 800 MHz ၂ မျိုးလုံးသုံးနိုင်သော်လည်း ယခုနောက်ပိုင်းတွင် ဆက်သွယ်ရေးမှ Server နှင့် Code များ ခွဲခြားလိုက်ခြင်းကြောင့် တွဲဖက်အသုံးပြုရန်မရနိုင်တော့ကြောင်း သိရသည်။ CDMA 450 MHz ဖုန်းများကို လျှောက်ထားရာတွင် ၁၅ သိန်း ၅ သောင်းဖြင့် ငှားရမ်းခွင့်ပေးထားပြီး ပြင်ပဈေးကွက်တွင် ၁၈ သိန်းမှ ၂၀ အထိ ဈေးပေါက်လျှက်ရှိကြောင်း သိရသည်။
CDMA 800 MHz သည် ယခင်က ရန်ကုန်နှင့်မန္တလေးတွင် အသုံးပြုသောဖုန်းများဖြစ်ပြီး 2000 MHz ဖုန်းများနှင့်လည်း အလားသဏ္ဍာန်တူသည်။ ယခု ရန်ကုန်မြို့နှင့် မန္တလေးမြို့များတွင်ချထားပေးနေသော ၅ သိန်းတန် CDMA ဟန်းဆက်များသည် ကတ်စနစ်ဖြင့် အသုံးပြုရခြင်းဖြစ်၍ နယ်မြေဧရိယာ ကန့်သတ်ချက်များရှိနေသည်။ ကြိုးမဲ့အထိုင်ဖုန်းအနေဖြင့်သာ သုံးစွဲနိုင်ပြီး ဈေးနှုန်းသက်သာပြီး အသုံးဝင်သည့် ဖုန်းအမျိုးအစားဖြစ်သည်။ ၎င်း၏အဓိကအားနည်းချက်ဖြစ်သော ရွှေ့ပြောင်းယူဆောင်သွားနိုင်ခြင်းမရှိခြင်းသည် အခက်အခဲတစ်ခုအဖြစ်ရှိနေသော်လည်း အထိုင်ဖုန်းအဖြစ်သုံးစွဲပါက အသုံးဝင်သောဖုန်းဖြစ်သည်။ ရန်ကုန်မြို့နယ်များတွင် အသုံးပြုနိုင်သည်။ ဆက်သွယ်အသုံးပြုရန်မရနိုင်သော မြို့နယ်ဟူ၍ မရှိသလောက်နည်းပါးသည်။ လိုင်းအားမှာသုံးစွဲသူများလက်ထဲတွင် ရောက်ရှိမှုနည်းပါးနေသေးသည်။ နံပါတ် ၈ လုံးပါမည်ဟု ခန့်မှန်းကာ ၀၉ ဖြင့်စထားသော ဖုန်းနံပါတ်များဖြစ်ကြောင်းသိရသည်။ Refaill စနစ်၊ Top-Up စနစ်များဖြင့် အသုံးပြုရမည်ဖြစ်ကြောင်းသိရသည်။ CDMA 800 MHz သည် ကြိုးမဲ့အထိုင်ဖုန်းစနစ်ကိုသာ ရည်ရွယ်ထားပြီး CDMA 450 MHz သည် မိုဘိုင်းနှင့် Network ကျယ်ပြန့်မှုကို အခြေတည်ထားသည်။ ၎င်းကွန်ယက်နှစ်ခု၏ကွာခြားမှုသည် ကြီးမားသော်လည်း အသုံးဝင်မှုမှာ တူညီမှုရှိ၍ ဆက်သွယ်ရေးဖုန်းမရှိသူများ၏ကွက်လပ်ကို အကောင်းဆုံး ဖြည့်တင်းပေးနိုင်လိမ့်မည်ဟု သုံးစွဲသူများနှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကပါ ယုံကြည်လျက်ရှိသည်။

ဝက် ၂၉ ကောင်ကို အရှင်လတ်လတ် ရေခဲရိုက်သော သိပ္ပံပညာရှင်များ

လူသားများ ရေခဲပြင်နှင်းထု အောက်တွင် ကာလမည်မျှကြာမြင့်စွာ အသက်ရှင်ရပ်တည်နိုင်မည်ကို သိလို သောကြောင့် စမ်းသပ်မှုတစ်ခုအနေဖြင့် ဝက် ၂၉ ကောင်ကို အသက်ရှင်လျက် ဆီးနှင်းထုအတွင်းသို့ မြှုပ်ခဲ့သော သြစတြီးယန်းသိပ္ပံပညာရှင်များကို ဗီယင်နာအခြေစိုက် တိရစ္ဆာန်အခွင့် အရေး လှုပ်ရှားသူများနှင့် ဂျာမန် တိရစ္ဆာန်စာနာမှုအဖွဲ့တစ်ဖွဲ့က တရား စွဲဆိုလိုက်ကြောင်း AFP သတင်း တစ်ရပ်က ဖော်ပြထားသည်။ ရက်စက်ကြမ်းကြုတ်သောအပြု အမူဟု ရှုတ်ချကာ အဆိုပါသုတေသန အဖွဲ့ကို ပူးတွဲတရားစွဲဆိုထားခြင်းဖြစ် သည်။ ၎င်းတို့တရားစွဲဆိုတင်ပြထားရာ Innsbruck တရားရုံးမှ ဥပဒေသမား များက အဆိုပါအမှုကို ကိုင်တွယ်ရန် စဉ်း စားလျက်ရှိသည်ဟု သိရသည်။ အဆိုပါ ကန့်ကွက်သံများဆူညံလာသောကြောင့် စီမံကိန်းကို နာရီအနည်းငယ်အတွင်း ရပ်တန့်လိုက်သော်လည်း အရှင်လတ် လတ်ရေခဲရိုက်ခံရသော အဆိုပါသနား စရာ ဝက် ၂၉ ကောင်အနက် ၁ဝ ကောင် သေဆုံးသွားခဲ့ရသည်။ တိရစ္ဆာန်အခွင့် အရေးကာကွယ်စောင့်ရှောက်သူများက Innsbuck တက္ကသိုလ်မှပညာရှင်များ၏ လုပ်ရပ်ကို သဘာဝမကျသောရက်စက် မှုဟု ပြောဆိုကာ ရှုတ်ချထားသည်။ ''နှင်းခဲတွေအောက်မှာ လေအိတ် ကို အသုံးပြုပြီး အသက် ဘယ်လောက် အထိ ရှင်နိုင်သလဲဆိုတာကို ကျွန်တော် တို့က လေ့လာတာပါ။ ဝက်တွေကို လည်း စိတ်ငြိမ်ဆေးပေးထားပြီး အာ ဏာပိုင်ခွင့်ပြုချက်အရ လုပ်ရတာပါ'' ဟု ပညာရှင်တစ်ဦးက တုံ့ပြန်ထားသည်။ လူသားများကို ကယ်တင်နည်း သစ်တစ်ခုရရန် စမ်းသပ်ခြင်းဖြစ် ကြောင်း၎င်းက ရှင်းလင်းပြောဆို သည်။

Sunday, January 24, 2010

ကောင်းနိုးရာရာ

ကျုပ်တို့ရွာနဲ့ ဂလိုဘယ်(လ်)လိုက်ဇေးရှင်း

“Globalization” ဆိုတဲ့ စကားလုံး ကို ဒီဘက်ခတ်မှာ တော်တော်လေး လူသုံးများလာတာ တွေရပါတယ်။ အဲဒီမှာ “ဂလိုဘယ်(လ်)လိုက်ဇေးရှင်း” ရဲ အကြောင်းကို ဃဃဏဏ သိလို့ သုံးနေတဲ့သူတွေလဲ ရှိသလို..တော်ရိရော်ရိ သူများသုံးလို့ လိုက်သုံးနေသူတွေက ပိုများမယ်ထင်ပါတယ်.။မင်းကော ဘယ်အထဲကလဲ လို့မေးရင်တော့ ယောင်တောင်တောင် ထဲကပါပဲ..။ဘာပဲ ဖြစ်ဖြစ် ယနေ့ ကမ္ဘာမှာ သတင်းနဲ့ နည်းပညာ ကဏ္ဍ အရမ်းတိုးတက် တော့ နေ့စဉ် အချိန်နဲ့ အမျှ ကမ္ဘာပေါ်မှာ ဖြစ်ပျက်နေတဲ့ အနိဋ္ဌာရုံ တွေ ကို ကမ္ဘာ့နေရာတိုင်းလိုလိုက မိနစ်ပိုင်း စက္ကန့်ပိုင်းအတွင်းသိနိုင်တယ်လို့ ဆိုကြသမို့လား။ ဒါကြောင့်လဲ ဒီ “ဂလိုဘယ်(လ်)လိုက်ဇေးရှင်း” ဆိုတာကြီးကို တပြောတည်း ပြောနေကြတယ် လေ..။

ကျုပ်လဲ အားကျမခံ ကျုပ်တို့ရွာ နဲ့ ဒီဂလိုဘယ်(လ်)လိုက်ဇေးရှင်းကြီး ဘယ်လိုများ ပတ်သတ်နေလဲလို့ မဆီမဆိုင် တွေးနေမိတယ်.။ ဒီလိုပါ…ကျုပ်တို့ ရွာမှာရော ဘာသာရေး ကစ၊ သာရေးနာရေး၊ ရပ်ရေးရွာရေး၊ ဟိုအကြောင်းဒီအကြောင်း၊ ထွေလီကာလီ များမြောင်လှတဲ့ လူဘဝဇတ်ခုံ အဖုံဖုံ ဘယ်လိုတွေ များ အခန်းဆက်နေကြသလဲ ပေါ့…။ အို… စေ့စေ့ တွေးမှရေးရေးပေါ်ဆိုသလိုပဲ…ဗျို့..။ ယနေ့ များတကာတွေ သြချနေရတဲ့ “ကမ္ဘာရွာ”ဆိုတဲ့ခေတ်ကြီးလိုပဲ ပေါ့။ ကျုပ်တိုရွာမှာလဲ သတင်းယူတာ၊ သတင်းပို့တာ၊ သတင်းဖြန့်ဝေတာ၊ ဆိုတဲ့ စနစ်က သူ့ရပ်နဲ့ သူ့ဇတ်ကတော့ ဟုတ်နေတာပဲ ဗျို့..။

အိုင်တီ နည်းပညာမှာတော့ hacker လို့ ခေါ်မလားမသိဘူး။ ဒီလိုပြောလိုက်တော့ ခင်ဗျားတို့ အတော်များများက ကွင်းခနဲ ကွက်ခနဲ မြင်လိုက်မယ်။ တဒေါက် ဒေါက်နဲ့ လက်သွက်တဲ့၊ သတင်းနိုက်တတ်တဲ့ ပညာရှင်တွေကို။ ကျုပ်တို့ ရွာမှာတော့ ကြက်သရေဆောင်၊ သတင်းကင်းထောက်တွေ ဘယ်လောက်ထိကောင်းလဲ သိချင်ရင်တော့ ကျုပ်တို့ မြို့က မီးသတ်တပ်ဖွဲ့ဝင်တွေကိုသာ မေးပေတော့လို့ ပြောပါရစေ။ အကြောင်းကဒီလိုပါ….. မိတ်ဆွေတို့ သိတဲ့ အတိုင်း.. ကျုပ်တို့ ၇ွာက မြို့နဲ့ ကပ်လျက် ရွာဆိုတဲ့ အကြောင်းလေ..။ အဲဒီတော့ မြို့နဲ့ ပတ်သက်တဲ့ ကောင်ကျိုး၊ဆိုးကျိုးဟူသမျှလဲ ကျုပ်တို့ ရွာနဲ့ သက်ဆိုင်တယ်ပေါ့ဗျာ။ ကျုပ် မှတ်မိသလောက်တော့ ဗျာ..ကောင်းကျိုး၊ဆိုးကျိုးလို့သာ ဆိုရတယ်… ကျုပ်တို့ ရွာက ဆိုးကျိုးသာပို ခံစားရတယ်ထင်ပါတယ်။ ဥပမာဗျာ.. လုပ်အားပေးဆိုပါတော့ (ငယ်ငယ်တုံးက) မြို့ထဲက အိမ်တွေ က လူပဲ လိုက်ရတာ များတယ်၊ ကျုပ်တို့ ရွာကတော့ လူတင်မကဘူး တခါတလေ လှည်းရောနွားရောပါ လိုက်ရတာဗျ.။ ထားပါ..ဒါတွေ က။

စောစောကပြောသလို ပေါ့ ….မြို့နဲ ပတ်သက်တဲ့ မီးသတ်ရန်ပုံငွေကစ၊ ဘာကြေးညာကြေး ဆို.. ကျုပ်တို့ ရွာလဲ ပေးရတာပေါ့…။အဲဒီလိုပဲ နွေရာသီရောက်ပြီဆိုရင် မီးသတ်တပ်ဖွဲဝင်တွေ က ကျုပ်တို့ ရွာ အပါ အဝင်၊ မြို့ပေါ်က ရပ်ကွက်ပေါင်းစုံ ကို အလှည့်ကျ မီးလိုက်စစ်လေ့ ရှိပါ တယ်..။ သူတို့ စစ်တာကလဲ တခြားမဟုတ်ပါဘူး. မီးချိတ်၊ မီးကပ်၊ ရေတဘက်၊ မီးသတ်သဲနဲ့ မီးသတ်ရေ စုံမစုံပေါ့ဗျာ။ အထူးသဖြင့် မီးကြွင်းမီးကျန် ရှိမရှိပေါ့..။ အဲ.. ပစ်မှုတစ်ခုတွေ့ရင်တော့ ပစ်မှုပေါ် မူတည်ပြီး ဒါဏ်တပ် တယ်လေ..။မီးသတ်ရေ ဖြည့် မထားရင် ဘယ်လောက်..၊ မီးကြွင်း မီးကျန်ဆိုရင် ဘယ်လောက်.. အစသဖြင့် ပေါလေ။ ကျုပ်တို့ ရွာကအိမ်ထောင်စု အားလုံးက တောသူတောင်သားတွေ ဆိုတော့ …မီးချိတ်၊ မီးကပ်၊ ရေတဘက်ဆိုတာကတော့ အထူး လုပ်နေစရာ မလိုပါဘူး။ သစ်တို့ ဝါးတို့ ပေါတာကိုး။ မီးသတ်ရေအိုး ကတော့ နွားသောက်၊ ဝက်သောက်နဲ့ ဆိုတော့ ကုန်နေတာက များပါတယ်၊ မီးကြွင်းမီးကျန်ကလဲ ကျေးရွာဓလေ့ဆိုတော့ လူကြီးတွေက ရေနွေးကြမ်းက အပြတ်မခံကြဘူးလေ..။ အမြဲတမ်း မီးဖိုနဲ့ ရေနွေးအိုးဖင် ခွာရတယ် မရှိဘူး။ အဲဒီတော့ အထူးသဖြင့် ကျုပ်တို့ ရွာထဲမှာ မီးသတ်တပ်ဖွဲ့လာပြီဆိုရင် အဓိက လုပ်ရတာက မီးသတ်ရေအိုး ရေဖြည့်ပို့ရယ်နဲ့ မီးကြွင်းမီးကျန်သတ်ဖို့ ပါပဲ။ အဲပြောရအုံးမယ်.. မီးသတ်ရေအိုးက ရေတစ်ဂါလံ ကျော်ကျော်လောက်ဆံ့မယ်ထင်တယ် ၅လုံး..၊ မီးသတ်သဲကလဲ တစ်တင်း ထန်းခေါက်လောက်တောင်း အစုပ်တစ်ခုနဲ့ ထည့် ထားရတယ်ဗျ။

ကျုပ်မှတ်မိသလောက်ပြောရရင် ကျုပ်တို့ ရွာထဲမှာ မီးသတ်တပ်ဖွဲ့ ဒါဏ်ရိုက်ခံရတယ် ဆိုတာ ရွာထိပ်က တစ်အိမ်နှစ်အိမ်နဲ့ ရွာနောက်ပိုင်း အစွန်က တစ်အိမ်နှစ်အိမ်ပဲ ကြားဖူးတယ်။ ဒါတောင် တစ်နှစ်လုံးနေမှ တစ်ခါလောက်ပါ။ တော်တော်လေးရှားပါတယ်။ ရွာလည်က အိမ်တွေ ဆိုတာကတော့ ပြောမနေနဲ့ တော့ ..။ တစ်ခါမှ အဖမ်းမခံရဖူး ဘူးလေ။ ဘာကြောင့် လဲ မေးရင်တော့ ကျုပ်တို့ ရွာကို ဝင်ဖို့ လယ်ကွင်းလျှို လေးကို ဖြတ်ရတာ က တစ်ကြောင်း၊ ကျုပ်တို့ ရွာရဲ hackers တွေ က လဲ နေရာတိုင်းမှာ ရှိနေတာက တစ်ကြောင်းလေ။ မီးသတ်ရဲဘော်တွေ လယ်ကွင်းကို ဖြတ်နေပြီဆိုတာနဲ့ သတင်းက ကျုပ်တို့ တစ်ရွာလုံး နှံ့ နေပြီ။ အဲဒီလို အချိန်ဆို ဆော့ နေတဲ့ ကလေး အားလုံးရပ် ပြီး “မီးသတ်ဗျို့ …….မီးသတ်ဗျို့….။” ရွာထဲ က လမ်းဟူသမျှ လူစုခွဲပြီးအော် ကြတာလေ..။ တစ်မျိုးပျော်စရာတောင် ကောင်းသေးဗျ။ လူကြီးတွေ ကလဲ ချက်ချင်းပဲ မီးသတ်ရေအိုးရေဖြည့်တယ်…၊ မီးကြွင်းမီးကျန်သတ်တယ်၊ ဟော့.. မီးသတ်ရဲဘော်တွေလဲ ရွာထဲ ရောက်ရော့ အားလုံး အဆင်သင့်ပဲ ။ မီးသတ်ရဲဘော်ကြီးတွေ ကြိုက်သလောက် ခြေတိုအောင် စစ်ပေတော့ ကျုပ်တို့ ရွာမှာ ဒါဏ်တတ်ခံရတယ်ဆိုတာမရှိဘူး။ အဲဒီလောက်ကောင်းတာ သတင်းကပို့တာ ဖြန့်ဝေတာက။ အဲ တစ်ခါတစ်လေ ရွာရှေ့ပေါက်က ဝင်ရင် အဆင်မပြေလို့ ရွာနောက်ပေါက်ကဝင်ဖမ်းလဲ မထူးပါဘူး။ ထိပ်ပိုင်းက တစ်အိမ်စ နှစ်အိမ်စတော့ တစ်ခါတစ်လေ အဖမ်းခံရတတ်ပါတယ်။ ဒါကလဲ ရှားပါတယ်။ သူတို့ ကလဲ ကျုပ်တို့ ရွာအကြောင်းသိထားတော့ တစ်အိမ်နှစ်အိမ်လောက် စစ်ပြီးရင် ဆက်မစစ်တော့ ပါဘူး။ တွေ့တဲ့ အိမ်ဝင်ထိုင်ပြီး အဲ့ဒီအိမ်က တိုက်တဲ့ ရေနွေးကြမ်းလေး သောက်လိုက်၊ ကြွေးတဲ့ လက်ဖက်ကလေး စားရင်း တောင်ပြော၊ မြောက်ပြောနဲ့ ပြန်သွားရတာများပါတယ်။

အဲဒါက မီးသတ်ကိစ္စပါ..။ နောက်ရှိသေးတယ် Google Search Engine တွေမှာ သုံးတဲ့ News ဆိုတဲ့ link လိုမျိုး ကျုပ်တို့ ရွာရဲ့ ပင်တိုင်စံ ရွာဆော် ကိုစိန်အောင်ပါ။ သတင်းစုံသိချင်ရင် သူ့သာမေးပေတော့။ သူကတော့ တကယ့် အစိုးရရဲ့ အခွန်အတုတ် ကိစ္စတွေ၊ ရပ်ရွာ သာရေး၊နာရေး ကိစ္စတွေနဲ့ ဘာသာရေးလုပ်ငန်းတွေမှာ ဆော်သြပေးရသူလေ။ အကြောင်းတစ်စုံ တစ်ရာ ထူးတာနဲ့ သူကရွာရိုးကိုးပေါက် ခြေပေါက်အောင် လှည့်ပြီးဟစ်နေရတာမို့လား။ ပြောရအုံးမယ် ကိုစိန်အောင်က ရွာဆော်လုပ်နေလို့ သာဗျ ၊ သူ့အသံက ကောင်းမှကောင်းပဲ။ တစ်ခါတစ်လေ “ဘာဗျို့ ….ညာဗျို့…..” အော်ပြီး ပြီဆိုရင် အလင်္ကာကျော်စွာရဲ အသံနဲ့ တစ်ပုဒ်လောက် ဟဲလိုက်သေးတယ်..ဗျို့။ ကျုပ်တို့ဆို သူတစ်ခုခုအော်ပြီးတာနဲ့ ဘာသီချင်းများ ဆိုမလဲ ဆိုပြီး နားစွန့်ရတာ အမောသားပဲ။

ဒါတင်ဘယ်ကမလဲ pop-up တွေလို သတင်းအချက်အလက်တွေ မဟုတ်တာတွေရော၊ ဟုတ်တာတွေရော၊ ရောပြွန်းသပြွန်း တစ်အိမ်တက်ဆင်း လိုက်ပြီး သတင် ဖလှယ်ရေး ကို အဓိကထားလုပ်နေတဲ့ မိန်းမတွေ က ရှိသေးတယ်လေ။ ဒီကနေ့ ဘယ်သူ့အိမ်က ဘာဟင်းချက်စားတယ်……ကစ၊ ဘယ်သူကတော့ ဒီနှစ်သီးနှံတွေ ဘယ်လောက်ရတယ်တော့.. ဆိုတာထိ။ ပြောမဆုံးပေါင် တောသုံးတောင် ဆိုတာတွေလေ။ တစ်ခါတစ်လေ “ဟယ်… ရွာလယ်ခေါင်က ခင်စန်းလေး ကလေးသုံးမွှာပူးမွေးလို့ တဲ့ တော့..။ အယ်… ဟုတ်လား။ နှစ်ယောက်က ချက်ချင်းသေသွားတာတဲ့ ။ အော်…။ ကျန်တာလေးက ယောက်ျားလေးတဲ့..။ ဟုတ်သလား….ဒါဆို"မောင်ကျန်”လေးပေါ့။” နောက်တစ်ခါ… “ဟို မြောက်ချောင်(ပိုင်း) က မြင့်ဆွေ မိန်းမလေး ကိုယ်ဝန် အရင့် အမာကြီးနဲ့ ဝက်စာအိုးကျိုတာလေ အဲ့ဒီ မီးဖိုနားလေးတင် ကလေးမွေးတာတဲ့ တော့ သနားပါတယ်။ ဟယ်..။ အယ်…ဟုတ်သလား၊ ဒုက္ခပါပဲနော်..။” “ဘာလေးတဲ့လဲ..” “ယောက်ျားလေး ဆိုလား ဟဲ့” အဲ့ဒီကလေးလဲ ချက်ချင်းပဲ အရပ်က ရေတစ်ခွက် မတိုက်ရပဲ နာမည်ပါ ကင်မွန်းတပ်ပေးလိုက်တယ် လေ… “ပြာလူး” တဲ့။ မြို့တွေမှာလို နာမည်တစ်လုံးပေးပို့ အရေး ဝိထာရ ချဲ့မနေပါဘူး..။ မိဘတွေ ကလဲ အရပ်က သဘောကျလို့ ပေးထားတဲ့ နာမည် တစ်လုံး ကြေကြေနပ်နပ်ပါပဲ..။ ဘယ်လောက် မြန်လဲ ကျုပ်တို့ ရွာက သတင်းကဏ္ဍမှာ..။

ဟော….. အခုဆိုရင် “ပြာလူး” တို့ ဆိုတာ ကျုပ်တို့ရွာရဲ့ ကြက်သရေဆောင် hacker တောင်ဖြစ်နေပြီလေ..။ ကျုပ်တို့ ရွာမှာ သဘောကျတာ တစ်ခု ရှိသေးတယ်၊ ရွာထဲ ကို သူခိုးဝင်တယ်ဆိုပါတော့..။ တစ်ရွာလုံး ရှိရှိသမျှလူ အကုန်ထွက်ပြီး လိုက်တာပဲ။ များသောအားဖြင့် မိတာပါပဲ။ မြို့တွေ မှာလို ကိုယ်ပစ္စည်းကို ဖင်ခုထိုင်ပြီး ကျီးကြည့် ကြောင်ကြည့် လုပ်မနေပါဘူး။ အဲ သူခိုးမိပြီဆိုရင်လဲ ကျုပ်တို့ရွာက ဘယ်တော့ မှ သူခိုးကို ရဲစခန်း မအပ်ဘူး။ နောက်တစ်ခါ ကျုပ်တို့ ရွာထဲ မလာရဲအောင် ကောင်းကောင်းဆုံးမ လွတ်တာပဲ။ ရွာထဲ ရှိရှိသမျှ လူငယ်ဟူသမျှကို… ပညာလဲပေးရင်း၊ ဝင်ပြီးရိုက် ခိုင်းတာလေ။ လူငယ်တွေကိုလဲ လူကြီးတွေက ခိုးစားတဲ့ “သူခိုး” ဆိုတာ ဒီလိုပဲ လို့ ခေါ်ပြတာလေ။ အခုနောက်ပိုင်းဆိုရင် ကျုပ်တို့ရွာကို သူခိုး ခိုးသံမကြားရသလောက်ပါပဲ..။

ကဲ ဘယ်လိုလဲ ကမ္ဘာရွာကြီးရေ.. ကျုပ်တို့ရွာကတော့ အဲ့ဒီလိုရပ်တည်လာတာ နှစ်တွေတောင်ဆွေးနေပြီ….။ ခင်များရော… ဘယ်လို ရှေ့ဆက်မလဲ ဆိုတာတော့ …..။ စာရှုသူအပေါင်းကို…… ပြာလူးတို့ ရွာက သတင်းနဲ့နည်းပညာတွေ လေ့လာရအောင် ဖိတ်ခေါ်ပါတယ်ဗျာ..။ ကြုံရင်ဝင်ခဲ့ကြပါအုံး။

စာရှု့သူအပေါင်း ရွှင်လန်းချမ်းမြေ့ကြပါစေ။

Source
အိမ်လွမ်းသူ (မှန်နီကုန်း)
http://ver-bo-ten.blogspot.com/2008/07/globalization-and-my-village.html

THERE'S NOTHING TO DO IN PERTH ?!? EPISODE 10 – PERTH ZOO SPECIAL | Online TV Perth - TV on YOUR terms | LocoTV.com.au

THERE'S NOTHING TO DO IN PERTH ?!? EPISODE 10 – PERTH ZOO SPECIAL | Online TV Perth - TV on YOUR terms | LocoTV.com.au

Saturday, January 23, 2010

အလုပ်များနေတာကြောင့် ကျွန်တော့် ပို့စ်ကို အခုမှ စပြီး ဖန်တီးဖြစ်ပါသည်

ကောင်းနိုးရာရာ
ငွကျပ်ငါးသိန်း CDMA-800MHz

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့တွင် ငွေကျပ်ငါးသိန်း CDMA-800MHz အထိုင်

ဖုန်းများကို စတင်ချထားပေးနေပြီဖြစ်ကြောင်းမြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှသိရှိရသည်။

အဆိုပါငွေကျပ် ငါးသိန်းတန် ဖုန်းများကို အများပြည်သူများထံ ချထားပေးနိုင်ရန်အတွက်

၂၀၀၉ခုနှစ်ဒီဇင်ဘာလလယ်မှစ၍ ဖုန်းလျှောက်လွှာများကို လက်ခံပေးခဲ့ကြောင်း၊ ယခုအ

ခါ ဇန်န၀ါရီလ၊ တတိယ အပတ်မှစတင်၍ အများပြည်သူများထံသို့ မြို့နယ်အချို့၌ စတင်

ချထားပေးနေပြီဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြော

ကြားသည်။ CDMA-800MHz အထိုင်ဖုန်း လျှောက်လွှာအရေအတွက် ၂၆၀၀၀ ၀န်းကျင်

ကို ပထမအသုတ်အဖြစ် လက်ခံ ရရှိခဲ့ကြောင်း၊ ဖုန်းအလုံးရေ တစ်သိန်းပြည့်သည်အထိ

ထပ်မံချထား ပေးနိုင်ရန် ဖုန်းလျှောက်လွှာများ ဆက်လက် လက်ခံသွားမည် ဖြစ်ကြောင်း

ရန်ကုန်တိုင်းအေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီမှတာဝန်ရှိသူတစ်ဦးကပြောကြား

ခဲ့သည်။ အထိုင်ဖုန်းအဖြစ် ချထားပေးမည့် ဖုန်း အမျိုးအစားများတွင် CDMA-800MHz

အပြင် CDMA-450MHz အမျိုးအစားများလည်း ပါဝင်လာကြောင်း ၂၀၁၀ခုနှစ် ဇန်န၀ါရီ

လ ၂၇ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။